.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှရွာတွင် ယနေ့ ဧပြီလ ၂၄ ရက်က အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာနေ အသက် ၂၀ အရွယ် မတင်ချိုင် ဆိုသူသည် ယနေ့ ဧပြီလ ၂၄ ရက်၊ နေ့လယ်ပိုင်းက အဆိုပါရွာအတွင်းရှိ ပိန္နဲပင်တစ်ပင်တွင် မတ်တပ်ရပ်အနေအထားဖြင့် ကြိုးဆွဲချသေဆုံးနေပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ခြေချောင်း၊ လက်ချောင်းများ အတွင်းသို့ကုတ်ဝင်၍ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နေ့လယ် ၃ နာရီခွဲခန့်တွင် မှုခင်းဆေးစာဖြင့် အောင်ပန်း တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူ မတင်ချိုင်၏ အမျိုးသားဖြစ်သူ ပြောပြချက်အရ ဇနီးဖြစ်သူ မတင်ချိုင်သည် ကိုမြမောင် အရက်သောက်စားသည့်ကိစ္စ ပြောဆိုရင်း စကားများကာ စိတ်ဆိုးပြီး နံနက် ၁၁ နာရီအချိန်ခန့်တွင် နေအိမ်မှ ထွက်သွားခဲ့သဖြင့် ကိုမြမောင် က ဆိုင်ကယ်ဖြင့် လိုက်လံခေါ်ဆောင်ခဲ့ရာ တွေ့ရှိခြင်းမရှိသဖြင့် အိမ်သို့ ပြန်လာစဉ် ကြိုးဆွဲချသေဆုံးနေကြောင်း ကျေးရွာတာဝန်ခံမှ ဖုန်းဆက်သွယ်ပြောကြားချက်အရ သိရှိခဲ့ရခြင်း ဖြစ်ပြီး ဇနီးဖြစ်သူ မတင်ချိုင်မှာ အိမ်ထောင်ကျပြီး ၇ လရှိချိန်ထိ သားသမီး မထွန်းကားသည့် ကိစ္စနှင့် ပတ်သက်ကာ စိတ်ကျရောဂါခံစားနေရ သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
.
သို့ဖြစ်၍ အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.


No comments:
Post a Comment