တိုင်ချန်း ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်၍ သတင်းပေးသူကို ဒေါ်လာ ၁၀ သန်း ပေးမည်ဟု အမေရိကန် ကြေညာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Friday, April 24, 2026

တိုင်ချန်း ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်၍ သတင်းပေးသူကို ဒေါ်လာ ၁၀ သန်း ပေးမည်ဟု အမေရိကန် ကြေညာ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်

.

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာမူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဗျူရိုက လိမ်လည်မှုဗဟိုဌာနများ တိုက်ဖျက်ရေးအထူးအဖွဲ့ (SCSF) နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ တိုင်ချန်း ငွေကြေးလိမ်ဂိုဏ်း၏ အချက်အလက်များနှင့် ပတ်သက်၍ သတင်းပေးသူနိုင်ကို အမေရိကန် ဒေါ်လာ ၁၀ သန်းအထိ ပေးအပ်မည်ဟု ယမန်နေ့ ဧပြီလ ၂၃ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

.

.

တိုင်ချန်း ကျားဖြန့်ဂိုဏ်း ခေါ် ကျောက်ခတ်ကာစီနို သို့မဟုတ် ကိုစိုင်းစခန်းသည် ငွေကြေးလိမ်လည်မှုနှင့် ခရစ်ပ်တိုငွေကြေး လိမ်လလည်မှုများကို ကရင်ပြည်နယ်အတွင်း ပြုလုပ်နေကြောင်း တည်နေရာအတိအကျ ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

.

အရှေ့တောင်အာရှ အခြေစိုက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား၍ အကြီးအစား ဆိုက်ဘာလိမ်လည်မှုများ ပြုလုပ်နေပြီး ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများသည် အရှေ့တောင်အာရှအခြေစိုက် လိမ်လည်မှုများကြောင့် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရသည်ဟု အမေရိကန်က ဆိုသည်။

.

အဆိုပါ တိုင်ချန်းငွေလိမ်ဂိုဏ်းနှင့် ပတ်သက်၍ သတင်းပေးလို့ပါက FBI သို့ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်နိုင်သည့်အပြင် နီးစပ်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများသို့လည်း ဆက်သွယ် သတင်းပေးပို့နိုင်ပြီး သတင်းပေးပို့သူ၏ အချက်အလက်ကို လျှို့ဝှက်ထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

.

No comments:

Post a Comment

Pages