တောင်ကြီးတွင် အမျိုးသမီးတစ်ဦး၏ဆိုင်ကယ် လုယက်ခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Tuesday, April 28, 2026

တောင်ကြီးတွင် အမျိုးသမီးတစ်ဦး၏ဆိုင်ကယ် လုယက်ခံရ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ ဧပြီလ ၂၈ ရက်က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦး၏ဆိုင်ကယ် လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် အောင်ပန်းမှလာ၍ အိမ်လိုက်ကြည့်မည်ဟုဆိုကာ အိမ်ပွဲစား အမျိုးသမီးအား ချိန်းဆိုပြီး လိုက်လံပြသပေးနေစဉ် ၂၁၂ ရဲဘော်ဈေးဟောင်း အနီးတွင် လုယက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

“ခါတိုင်းဆိုရင် ကျွန်မက သူငယ်ချင်းအဖော်ပါမှ သွားပါတယ်။ ဒီနေ့က သူတို့က အောင်ပန်းကလာတာ။ လင်မယားနှစ်ယောက်နဲ့ သူတို့ မိန်းကလေးအဖော် တစ်ယောက် ပါတယ်ဆိုတော့ အဲဒီမိန်းကလေးကို ကျွန်မ ဆိုင်ကယ်နောက်မှာပဲ တင်ပြီး ခေါ်လာတာပါ။ ၂၁၂ နား အရောက်မှာ ဘောင်းဘီဝယ်ဖို့ဆိုပြီး ခဏနားတဲ့ အချိန် တို့ဆေးနဲ့တို့ပြီး ခိုးမောင်းပြေးသွားတာပါ” ဟု လုယက်ခံရသူ အမျိုးသမီးက ကမ္ဘာဇတိုင်းသို့ ပြောသည်။

.

ခိုးယူခံရသော ဆိုင်ကယ်သည် ကလစ်အမျိုးအစား လိမ္မော်ရောင်ဆိုင်ကယ်ဖြစ်ပြီး တွေ့ရှိပါက ဆက်သွယ် အကြောင်းကြားပေးရန် အမျိုးသမီးက အသိပေးထားသည်။

.

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းကလည်း တောင်ကြီးမြို၊ အမျိုးသမီးနှင့် ကလေးဆေးရုံဝန်း အတွင်း၌ ရပ်ထားသည့် အလုပ်သင်ဆရာဝန်တစ်ဦး၏ မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံရမှုဖြစ်ပွားခဲ့သလို ဧပြီလ ၁၉ ရက်၊ ညပိုင်းတွင်လည်း တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ပြည်တော်အေးအိမ်ရာဝင်းအတွင်း ရပ်နားထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့သေးသည်။

.

တောင်ကြီးမြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေပြီး ခိုးယူခံရပါကလည်း ပြန်လည် ရရှိရန် မလွယ်ကူသည့်အတွက် သတိပြုရန်လိုအပ်နေကြောင်း မြို့ခံများအကြား သတိပေးပြောဆိုမှုများ ရှိနေသည်။

.

No comments:

Post a Comment

Pages