စက်သုံးဆီ အခက်အခဲကြောင့် တောင်ကြီး-ရန်ကုန်ကားခများ အဆမတန် မြင့်တက်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Saturday, April 4, 2026

စက်သုံးဆီ အခက်အခဲကြောင့် တောင်ကြီး-ရန်ကုန်ကားခများ အဆမတန် မြင့်တက်လာ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်

.

လတ်တလော ဖြစ်ပေါ်နေသည့် စက်သုံးဆီ အခက်အခဲ အကြပ်အတည်းကြောင့် တောင်ကြီး-ရန်ကုန် အဝေးပြေး ယာဉ်လိုင်းများ၏ ကားခများ အဆမတန် မြင့်တက်လာနေပြီး နေ့စဉ် ပြေးဆွဲနိုင်သည့် ကားစင်းရေးမှာလည်း လျော့နည်းနေကြောင်း သိရသည်။

.



.

တောင်ကြီး-ရန်ကုန် ကားလက်မှတ်ခများအနေဖြင့် ယာဉ်လိုင်းနှင့် ကားအမျိုးအစားပေါ် မူတည်၍ အနည်းဆုံး ၅၅၀၀၀ မှ ကျပ်တစ်သိန်းကျော်အထိ ဖြစ်ပေါ်နေကာ VIP ကားများမှာ ကျပ်နှစ်သိန်းခွဲ ဝန်းကျင် အထိ ရှိနေကြောင်း သိရသည်။

.

ယခင် စက်သုံးဆီအခက်အခဲ မဖြစ်ပေါ်မီက တောင်ကြီး-ရန်ကုန် ကားခများမှာ ၂၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ် ဝန်းကျင်အထိသာရှိခဲ့ပြီး အမြင့်ဆုံး VIP လက်မှတ်ခမှာ ၄၈၀၀၀ ကျပ်ခန့်သာ ရှိခဲ့ခြင်းဖြစ်သည်။

.

Elite နဲ့ Famous ကတော့ တစ်နေ့ကို ၅ စီးကနေ ၁၀ စီးလောက် ထွက်နိုင်တယ်။ ကျန်တဲ့လိုင်းတွေက တစ်စီး၊ နှစ်စီးလောက်ပဲ ထွက်နိုင်ပါတယ်။ လက်မှတ်တွေကလည်း ချက်ချင်းမရနိုင်ဘူး။ ၂ ရက်၊ ၃ ရက်ကြိုတင် ဘိုကင်ယူရတယ်။ တချို့ မထွက်ဖြစ်လို့ ငွေပြန်အမ်းရတာတွေလည်း ရှိနေပါတယ်” ဟု ယာဉ်လိုင်းများနှင့် နီးစပ်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ တောင်ကြီး-မန္တလေး ယာဉ်လိုင်းစီးနင်းခများမှာလည်း အနည်းဆုံး ၅၅၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ် ဝန်းကျင်အထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။

.

No comments:

Post a Comment

Pages