စက်သုံးဆီ ရည်ညွှန်းဈေး အနည်းငယ် ပြန်ကျ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, April 24, 2026

စက်သုံးဆီ ရည်ညွှန်းဈေး အနည်းငယ် ပြန်ကျ



စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီ ဈေးနှုန်းစာရင်းတွင် စက်သုံးဆီ အမျိုးအစားအလိုက် အနည်းငယ် ပြန်ကျလာသည်ကို တွေ့ရသည်။

.

တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၄၉၁၀ ကျပ်မှ ၄၈၄၅ ကျပ်၊ 95 တစ်လီတာလျှင် ၅၁၂၅ ကျပ်မှ ၅၀၈၀ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၆၆၅၅ ကျပ်မှ ၅၉၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၇၉၃၀ ကျပ်မှ ၇၂၀၀ ကျပ်သို့ အသီးသီး ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။

.

ရည်ညွှန်းဈေးနှုန်းမှာ နည်းနည်းစီ ပြန်ကျလာတာတော့ တွေ့ရတယ်။ ဒါပေမယ့်လို့ အရင် ဈေးနဲ့ နှိုင်းယှဉ်ရင်တော့ ထက်ဝက်ကျော်ကို များနေသေးတယ်။ ဘာပဲဖြစ်ဖြစ် ပြန် ကျလာတာတော့ ကောင်းပါတယ်။ အတက်ကြမ်း သလို အကျလည်း ကြမ်းဖို့တော့ လိုပါတယ်။” ဟု အငှားယဉ်မောင်း တစ်ဦးက ပြောသည်။

.

ပြင်ပ မှောင်ခိုဈေးကွက်တွင်မူ စက်သုံးဆီ အရောင်းဆိုင်နှင့် နေရဒေသအပေါ် မူတည်၍ ဓါတ်ဆီ တစ်လီလျှင် ၁၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ဝန်းကျင်ထိ ရှိနေဆဲ ဖြစ်ကာ စက်သုံးဆီ အရောင်းဆိုင် အချို့၏ ဆိုင်ပိတ်ထားခြင်း၊ ဆီ မရှိဟု အကြောင်းပြခြင်းများကြောင့် ဝယ်ယူသူ ပြည်သူများ အခက်အခဲ ဖြစ်ပေါ်နေရဆဲ ဖြစ်သည်။

.

No comments:

Post a Comment

Pages