.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဧပြီလ
၂၆ ရက်၊ နေ့လယ်ပိုင်းက တရားမဝင် အွန်လိုင်းငွေလိမ် လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား
၃ ဦး အပါအဝင် စုစုပေါင်း ၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.ပူးပေါင်းအဖွဲ့သည် သတင်းအရ ယမန်နေ့ ဧပြီလ ၂၇ ရက်၊
နေ့လယ် ၁၂ နာရီခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နေ ဝေယံဆန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ
နေအိမ်အတွင်း အွန်လိုင်း လောင်းကစား လုပ်ကိုင်နေသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား
အမျိုးသား ၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသားများ၏ ထွက်ဆိုချက်အရ
၎င်းတို့သည် အွန်လိုင်းဂိမ်းအလုပ်အတွက် တစ်လလျှင် တရုတ်ငွေ ယွမ် ၁၅၀၀၀ ခန့် ရမည်ဟု
ဆိုသဖြင့် ဖူလိတိန်စိမ့် ဝက်ဘ်ဆိုဒ်ပိုင်ရှင် အမည်မသိ တရုတ်သူဌေး၏ စီစဉ်မှုဖြင့် လာအိုနိုင်ငံမှတစ်ဆင့်
တာချီလိတ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အွန်လိုင်း လောင်းကစားဂိမ်းလုပ်ငန်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အတူ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား အမျိုးသမီး
၆ ဦးမှာ နေရာဒေသ အသီးသီးမှ လာရောက် လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းအတွက်
တစ်လလျှင် ထိုင်းဘတ်ငွေ ၁၀၀၀၀ နှင့် ထမင်းချက်အတွက် ထိုင်းဘတ်ငွေ တစ်လ ၇၀၀၀ ဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သို့ဖြစ်၍ အဆိုပါ ဖမ်းဆီးရမိ တရုတ်နိုင်ငံသား အမျိုးသား
၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦးတို့အား ဥပဒေအရ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း
သိရသည်။
.


No comments:
Post a Comment