.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဝန်းကျင်လေထုအရည်အသွေး
ပြန်လည်ကောင်းမွန်လာသည် ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လေထုအရည်အသွေး တိုင်းတာချက်များအရ
သိရသည်။
.
.တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏
ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ နံနက် ၇ နာရီ အချိန်ထိ၂၄ နာရီကြာ တိုင်းတာရရှိသည့်
ဝန်းကျင်လေထု အရည် အသွေးညွှန်းကိန်း(AQI) အခြေအနေ သည် ၇၇
အဝါရောင် (Moderate) အဆင့်ရှိ၍ လေထုအရည်အသွေးကောင်း
မွန်နေကြောင်း သိရသည်။
.
ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၏
ဧပြီလအတွင်း တိုင်းတာချက်အရ (201-300) Very Unhealthy ခရမ်းရောင်အဆင့်
(၆) ရက်၊ (151-200) Unhealthy အနီရောင်အဆင့်(၁ဝ) ရက်၊ (101-150)
Unhealthy for Sensitive Groups လိမ္မော်ရောင်အဆင့်(၁၀) ရက် (51-
100) Moderate အဝါရောင်ရောင်အဆင့် ၃ ရက်ရှိကြောင်း သိရသည်။
.
တာချီလိတ်မြို့၏ လေထုအရည်အသွေးမှာ ဧပြီ ၂၅
ရက်နေ့မှ ယနေ့ ဧပြီလ ၂၈ က်အထိ အဝါရောင် အဆင့်
ရှိလာ၍ လေအရည်အသွေးကောင်းမွန်လာကြောင်း သိရသည်။
.


No comments:
Post a Comment