ရှမ်းပြည်နယ်တောင်ပိုင်း
ဒေသအတွင်း QR Code ဖြင့် ရောင်းချရန် ညွှန်ကြားချက်အတိုင်း
လိုက်နာ ဆောင်ရွက်မှု မရှိသည့် စက်သုံးဆီအရောင်းဆိုင် ၂၃ ဆိုင်ကို အရေးယူမှုများ
ဆောင်ရွက်ထားသည်ဟု သိရသည်။
.
အဆိုပါ
စက်သုံးဆီအရောင်းဆိုင် ၂၃ ဆိုင်ကို အပတ်စဉ် ခွင့်ပြုပေးနေသည့် PO
ပမာဏမှ လျှော့ချ
စေသည့် နည်းလမ်းဖြင့် အရေးယူထားခြင်း
ဖြစ်ပြီး
Bar Code/QR Code များဖြင့် ရောင်းချနေမှုကို နေပြည်တော်ရှိ Online
Monitoring Center မှ
စောင့်ကြည့် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်း
ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ထံက သိရသည်။
.
အလားတူ
ပြီးခဲ့သည့် မတ်လ ၂၉ ရက်မှ ၃၁ ရက်အတွင်း Server Data မှ ရရှိသော သတင်းစာရင်းအရ
ညွှန်ကြားချက်များအား လိုက်နာမှု မရှိကြောင်း စိစစ်တွေ့ရှိရသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ
အရောင်းဆိုင် ၇ ဆိုင်အား ဧပြီလ ၂ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံကာ ပြင်းထန်စွာ
သတိပေးခဲ့ပြီး ထပ်မံ၍ လိုက်နာရန်
ပျက်ကွက်ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သတိပေးခဲ့ပြီး ဖြစ်သည်ဟုလည်း
သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးခရိုင်နှင့် ကလောခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် QR
ဖတ်ရှု၍ စုံ/မ
စနစ်အတိုင်း ရောင်းချပေးခဲ့ရာ မတ်လ ၂၃ ရက်တွင် QR စနစ်ပုံစံ အသစ်ဖြင့်
တစ်ပတ်တွင် ၂ ကြိမ် အင်ဂျင်ပါဝါအလိုက် ရောင်းချသည့်စနစ်ဖြင့်
ပြောင်းလဲကျင့်သုံးခဲ့ပြီး ဧပြီလ ၃ ရက်တွင် Light Truck ယာဉ်များအား ကီလိုမီတာဖြင့် သတ်မှတ်၍
ပြောင်းလဲ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #Petroleum
.


No comments:
Post a Comment