ရုရှားအတွက် စစ်ကူတိုက်ဖို့ ပို့ထားတဲ့ မြောက်ကိုရီးယားစစ်သား တစ်ဝက်လောက်သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 8, 2026

ရုရှားအတွက် စစ်ကူတိုက်ဖို့ ပို့ထားတဲ့ မြောက်ကိုရီးယားစစ်သား တစ်ဝက်လောက်သေဆုံး

.

၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်

.
ယူကရိန်း-ရုရှားစစ်ပွဲအတွင်းမှာ ရုရှားဖက်ကနေ စစ်ကူတိုက်ဖို့ ပို့ဆောင်ထားတဲ့ မြောက်ကိုရီးယားစစ်သား တစ်ဝက်လောက် ကျဆုံးသွားပြီလို့ တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာန (NIS)ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
.
.

မြောက်ကိုရီးယားဟာ ရုရှားအတွက် စစ်ကူတိုက်ပေးဖို့ သူတို့ရဲ့ လက်ရွေးစင်စစ်သား ၁၁၀၀၀ ကို စေလွှတ်ထားခဲ့ပြီး လက်ရှိမှာတော့ စစ်သား ၆၀၀၀ လောက် ကျဆုံးသွားခဲ့ပါပြီ။ မြောက်ကိုရီးယားရော၊ ရုရှားဖက်ကပါ စစ်ပွဲနဲ့ပတ်သက်ပြီး ကျဆုံးတဲ့သတင်းတွေကို ထိန်းချုပ်ထားပေမဲ့ မြောက်ကိုရီးယားမှာ တည်ဆောက်ထားတဲ့ အထိမ်းအမှတ်သင်္ချိုင်းကနေ အချက်အလက်တွေကို ခန့်မှန်းရရှိထားတာပါ။

.

၂၀၂၅ခုနှစ် အောက်တိုဘာမှာ ကင်ဂျုံအန်က ရုရှား-ယူကရိန်းစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သားတွေကို ဂုဏ်ပြုဖို့ ဆိုပြီး ဟွာဆောင်းခရိုင်ထဲမှာ ပြတိုက်တစ်ခုဆောက်ဖို့ စီစဉ်ခဲ့ပါတယ်။ ၂၀၂၆ ဧပြီလမှာတော့ ပြတိုက်က အလုံးစုံပြီးသွားခဲ့ပြီး ၉၈ ပေရှိတဲ့ အောက်မေ့ဖွယ်ရာ နံရံ ၂ ခု၊ အဆောက်အဦတစ်ခုနဲ့ သင်္ချိုင်းတစ်ခု ပါဝင်ပါတယ်။

.

အဲဒီ နံရံ ၂ ခုမှာတော့ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့နာမည်ကို ရေးထိုးထားပြီး နံရံတစ်ခုမှာ စစ်သား ၃၀၀၀ ကျော်ရဲ့အမည်တွေရှိနေတာမို့ စစ်သားအရေအတွက် ၆၀၀၀ လောက်က ရုရှားမှာ ကျဆုံးသွားတာကို သိရှိနေရတာ ဖြစ်ပါတယ်။

.

ရုရှားဖက်ကတော့ မြောက်ကိုရီးယားရဲ့စစ်သားထောက်ပံ့မှုတွေအတွက် အစားအစာ၊ နည်းပညာနဲ့ ငွေကြေးအကူအညီတွေပြန်လည်ပေးထားပါတယ်။

.

ကင်ဂျုံအန်က ရုရှားစစ်ပွဲအတွင်းမှာ ထူးခြားတဲ့ ရဲစွမ်းသတ္တိပြပြီး ကျဆုံးသွားခဲ့သူတွေအတွက် အပြင်ဖက် ကျောက်စာတိုင်တွေမှာ ဂုဏ်ပြုထားပြီး အခြားသူတွေကိုတော့အရိုးအိုးတွေနဲ့သာ ထားရှိတာပါ။

.

၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ယူကရိန်းက ကာ့စ်ဒေသကို အံ့အားသင့်ဖွယ်ထိုးစစ်ဆင်လာတဲ့အချိန်မှာပဲ မြောက်ကိုရီးယားရဲ့စစ်သားပို့ဆောင်မှုတွေက စတင်ခဲ့တာပါ။ ရုရှားအနောက်ပိုင်း ကာ့စ်ဒေသကို ပြန်လည်သိမ်းယူဖို့အတွက် ရုရှားရဲ့အကူအညီတောင်းခံမှုကို ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ရုရှားဖက်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages