.
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာ၊
ပြည်ထောင်စုလမ်းမပေါ်တွင် ယမန်နေ့ မေလ ၇ ရက်၊ ညပိုင်းက ခရီးသည်တင်ကားနှင့် သဲကားတစ်စီး
တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
.ကလောဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာသော Mini
Bus အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး သည် ယမန်နေ့ မေလ ၇ ရက်၊ ည ၈ နာရီခွဲခန့်က
အင်းပြင်ကျေးရွာရှိ ခမရ (၁၁၂) တပ်ရှေ့တွင် ခရီးသည်ချ နေစဉ် လားရာတူ မောင်းနှင်လာသည့်
သဲကားတစ်စီးက နောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်မှ အသက်
၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသားတစ်ဦးနှင့်
အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာ အနည်းငယ် ပြင်းထန်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ သဲကားယာဉ်မောင်းအား
ကလောမြို့မရဲစခန်း တွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄ (က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။
.

No comments:
Post a Comment