စက်သုံးဆီ
တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ မေလ ၈
ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီ ဈေးနှုန်းစာရင်းအရ စက်သုံးဆီ
အမျိုးအစားအလိုက် အနည်းငယ်စီ ကျဆင်းလာကြောင်း သိရသည်။
.
“သာမန်ပြည်သူတွေ
အသုံးများတဲ့ ဓါတ်ဆီကတော့ နည်းနည်းစီးပဲ ကျတယ်။ 92 က ၁၀၊ 95 က ၂၀ ပေါ့။ ဒီဇယ်ဈေးမှာကြတော့
ကျတာ မဆိုးဘူးပြောရမယ်။ ၂၀၀ ကျော်၊ ၃၀၀ ကျော်လောက်ကို ကျလာတာ တွေ့ရတယ်။” ဟု စက်သုံးဆီ
လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့၏
စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၄၆၉၀ ကျပ်မှ ၄၆၈၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၈၅၀ ကျပ်မှ ၄၈၃၀ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၅၄၄၅ ကျပ်မှ ၅၂၂၀ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၆၃၅ ကျပ်မှ ၆၂၅၀ ကျပ်သို့ အသီးသီး ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။
.
ပြင်ပ
မှောင်ခိုဈေးကွက်တွင်မူ စက်သုံးဆီ အရောင်းဆိုင်နှင့် နေရဒေသအပေါ် မူတည်၍ ဓါတ်ဆီ
တစ်လီလျှင် ၁၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ကျော်ထိ ရှိနေဆဲ ဖြစ်ကာ စက်သုံးဆီ
အရောင်းဆိုင် အချို့ပါ မှောင်ခိုရောင်းသည့် စနစ်များကို လုပ်ဆောင်လာနေကြောင်း
တွေ့ရသည်။
.

No comments:
Post a Comment