ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ မေလ ၇ ရက်၊ ညနေပိုင်းက လမ်းလျှောက်လာသူ
အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေး ၁၆၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အောင်ပန်းနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မေလ ၇ ရက်၊ ညနေပိုင်းက နယ်မြေလှည့်ကင်း ဆောင်ရွက် နေစဉ်
အောင်ပန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ အေးမြင့်သာယာရပ် လမ်းမပေါ်အရောက်တွင်
လှည်းရိုးရပ်ကွက် ဘက်မှ အမှတ်(၃)ရပ်ကွက် ဘက်သို့ လမ်းလျှောက်လာသူ သိန်းထွန်း အား
ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် ချည်လွယ်အိတ်အတွင်းမှ
ရှမ်းစက္ကူဖြင့်ထုပ်၍ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် ဖြင့်ထည့်ထားသည့် WY
စာတန်းပါ
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်အိတ်လျှင် ၂၀၀ ပြားစီပါ ၈ ထုပ်၊
စုစုပေါင်းဆေးပြား ၁၆၀၀ ပြား၊ အလေးချိန် ၁၄၄ ဂရမ်ခန့်၊ ဒေသကာလတန်ဖိုး ၈ဝဝ၀ဝ၀
ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ
စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်းတွင်
မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #AungBan #Drugs
.

No comments:
Post a Comment