ညောင်ရွှေမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 8, 2026

ညောင်ရွှေမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီး



ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်၊ ရွှေလဖုန်းကျေးရွာ အနီး၊ မိုင်းသောက်-ညောင်ရွှေသွား ကားလမ်းမပေါ်၌ ပြီးခဲ့သည့် မေလ ၃ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မိုင်းသောက်ကျေးရွာဘက်မှ ရွှေညောင်မြို့ဘက်သို့ မောင်းနှင်လာသည့် တောင်ကြီးမြို့နယ်၊ သစ်တောရပ်ကွက်နေ ဝေလင်းထွန်း မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးစဉ် ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။

.

အဆိုပါ လိုင်စင်မဲ့ယာဉ် နှင့်အတူ တွေ့ရှိခဲ့သည့် ဝေလင်းထွန်းအား ညောင်ရွှေမြို့မရဲစခန်း ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ် မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

.

#KBZTai #Shan #Nyaungshwe

No comments:

Post a Comment

Pages