.
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ မေလ ၃ ရက်၊ နေ့လယ်ပိုင်းက ဓါတ်လှေကားအတွင်း ပိတ်မိနေသော ကလေးငယ်တစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀) ရှိ ဓါတ်လှေကားအတွင်း ယနေ့ မေလ ၃ ရက်၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပိတ်မိခဲ့ခြင်းဖြစ်ပြီး ဆေးရုံလူနာစောင့်တစ်ဦး သတင်းပေးချက်အရ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးလှမင်း၊ ဦးစီးအရာရှိ ဦးငြိမ်းထက်အောင် ဦးဆောင်၍ မိးသတ်တပ်ဖွဲ့ဝင်များက 191 ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ပိုလန်ယာဉ်တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
.
တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးလှမင်းနှင့် တာဝန်ရှိသူများက ပိတ်ပိနေသူ မောင်ဝေယံဦး အား မိခင်ဖြစ်သူထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment