လားရှိုးတွင် ဓားပြတိုက်ရန် ကြံစည်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, May 3, 2026

လားရှိုးတွင် ဓားပြတိုက်ရန် ကြံစည်မှု ဖြစ်ပွား



ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁)ရှိ အလှကုန်ဆိုင် တစ်ခု၌ ယမန်နေ့ မေလ ၂ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသား ၄ ဦး ဓားပြတိုက်ရန် ကြိုးစားမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ရှင် အမျိုးသမီး အချိန်မီ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်ဟု သိရသည်။

.

လားရှိုးမြို့၊ ရပ်ကွက် (၁) ရှိ အလှကုန်ဆိုင် တစ်ခုသို့ ယမန်နေ့ မေလ ၂ ရက်၊ နံနက် ၉ နာရီခန့်က အမည်မသိ အမျိုးသား ၄ ဦး ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းကို သေနတ်ဖြင့် ထောက်ကာ ဆိုင်ရှင်ကို ခေါ်ခိုင်းရာ ဆိုင်ရှင်ဖြစ်သူက ချက်ချင်း ကားမောင်းထွက်ပြေးနိုင်ခဲ့ပြီး အမျိုးသား ၄ ဦးမှာလည်း ကားမောင်း၍ ပြန်လည် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“သူတို့ ၄ ယောက်က ဝင်လာပြီး အရောင်းစာရေးမနဲ့ တွေ့တော့ အစ်မ (ဆိုင်ရှင်) ဘယ်မှာလဲလို့ မေးတယ်။ အစ်မက ဟိုဘက်မှာ ဆိုတော့ ဆိုင်ရှင်က သူ့အမေ အိမ်သွားဖို့ ကားဟွန်းတီးထွက်သွားတဲ့အချိန်မှာ အဲဒီ ကောင်လေးတွေက ပြန်ထွက်သွားပါတယ်။ ပစ္စည်းနဲ့ ငွေသား ဘာမှ မပါသွားပါဘူး။ လူလည်း ထိခိုက်မှု မရှိပါဘူး” ဟု လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ဓားပြတိုက်ရန် ကြံစည်မှုနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းက လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ထိခိုက်ဆုံးရှုံးမှု မရှိသည့်အတွက် အမှုဖွင့်ခြင်း မရှိကြောင်း သိရသည်။

.

လားရှိုးမြို့တွင် လုယက်မှု၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်ကလည်း ကားအရောင်းအဝယ် အကျိုးဆောင် အမျိုးသားတစ်ဦးကို အမည်မသိ အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

.

#KBZTai #Shan #Lashio

.

No comments:

Post a Comment

Pages