တာချီလိတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးပြီး ကျေးရွာမုခ်ဦး ပြိုကျ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, May 3, 2026

တာချီလိတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးပြီး ကျေးရွာမုခ်ဦး ပြိုကျ

.

၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စုတွင် ယနေ့ မေလ ၃ ရက်မွန်းလွဲပိုင်းက မိုးသည်းထန် စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးခဲ့ပြီး ကျေးရွာအဝင်ဆိုင်းဘုတ် ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။
.


.
ယင်းကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဖုန်း(က)အုပ်စု၊ ဝမ်တုံရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝမ်တုံ)၏ အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေရှိ နှင်းဆီဆောင် RCC လေးခန်းတွဲ နှစ်ထပ်ကျောင်းဆောင်မှ သွပ်အမိုးပြားများနှင့် မျက်နှာကျက်များ ပြိုကျပျက်စီးကာ အလျား ၉၀ ပေ၊ အနံ ၃၀ ပေ ရှိ ခတ္တာဆောင် RCC တစ်ထပ်အမိုး အနည်းငယ်ပျက်စီးခဲ့ပြီး ဝမ်တုံကျေးရွာဆိုင်းဘုတ်မုခ်ဦး ပြိုကျပျက်စီး၍ လမ်းများပိတ်ဆို့ကာ လျှပ်စစ်မီးများ ယာယီပြတ်တောက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဝမ်တုံကျေးရွာဆိုင်းဘုတ် မုခ်ဦးပြိုကျပျက်စီးမှုအား တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ကရိန်းဖြင့်ဖယ်ရှားကာ မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ခဲ့ပြီး  ဓာတ်အားလိုင်းများ အလုံးစုံ စစ်စေးပြီးပါက ဓာတ်အားလက်ခံကာ မြို့တွင်းဖီဒါများအားလုံး ဓာတ်အားပြန်လည်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Pages