အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကတော့ Ai နဲ့ ပြုပြင်ထားတဲ့ သူ့ရဲ့ပုံအတုတွေ အွန်လိုင်းမှာ ပျံ့နေခဲ့ပြီး အဲဒါကို တကယ်ထင်နေတဲ့သူတွေလည်း ရှိနေတာမို့ ဒေါသထွက်နေပါတယ်။
.
အတွင်းခံအဝတ်အစားတွေ ဝတ်ဆင်ပြီး အိပ်ယာပေါ်မှာ ထိုင်နေတဲ့ မယ်လိုနီရဲ့ ဓာတ်ပုံတစ်ပုံက အွန်လိုင်းပေါ်မှာ ပျံ့နေပြီး ရိုဘာတို ဆိုတဲ့ အကောင့်တစ်ခုကနေ “ရှက်သင့်တယ်” ဆိုတဲ့ မှတ်ချက်နဲ့ ပြန်လည်မျှဝေထားတာပါ။
.
မယ်လိုနီက အဲဒီပုံကို သူမရဲ့ Facebook မှာ မျှဝေခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ ဒီလိုဓာတ်ပုံတွေကို အတည်ပြုခြင်းမရှိဘဲ ပြန်လည်ဖော်ပြတာမျိုးမလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
.
မယ်လိုနီက “ဒီလိုဓာတ်ပုံတွေဟာ လူတွေကို လှည့်ဖျားနိုင်သလို ဘယ်သူ့ကိုမဆို ပစ်မှတ်ထားဖို့ အရမ်း လွယ်ကူပါတယ်။ ကျွန်မကတော့ ကိုယ့်ဘာကိုယ် ကာကွယ်နိုင်ပေမဲ့ လူအများစုကတော့ မကာကွယ်နိုင်ကြ ပါဘူး” လို့ သတိပေး ရေးသားသွားခဲ့ပါတယ်။
.
မယ်လိုနီက ဒီဖြစ်ရပ်ကို တရားဥပဒေအရ အရေးယူဖို့ စဉ်းစားနေကြောင်း ပြောသွားခဲ့ပြီး အခုမြင်နေရတဲ့ ဓာတ်ပုံထဲမှာ သူမကိုယ်သူမ ပိုလှနေတယ်လို့ ခံစားမိနေကြောင်းလည်း ထည့်ပြောသွားခဲ့ပါတယ်။ လူအများစု ကတော့ ဥပဒေအရ အရေးယူဖို့ ကွန်မန့်တွေ ရေးနေကြဆဲပါ။
.
အီတလီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ မယ်လိုနီအတွက်တော့ ဒီဖြစ်ရပ်က ဒုတိယ အကြိမ်မြောက်ပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရောမမြို့မှာရှိတဲ့ ဘုရားကျောင်းတစ်ခုမှာ မယ်လိုနီနဲ့ ရုပ်ချင်းတူတဲ့ နတ်သမီးပုံ ပေါ်လာတယ်ဆိုပြီး လူတွေ ပွဲဆူခဲ့ကြပါသေးတယ်။
.
အဲဒီတုန်းကတော့ မယ်လိုနီက “ကျွန်မက သေချာပေါက် နတ်သမီးပုံ မဟုတ်ပါဘူး” လို့ ရယ်နေတဲ့ အီမိုဂျီတစ်ခု၊ ငိုနေတဲ့ အီမိုဂျီ တစ်ခုတို့နဲ့အတူ တုန့်ပြန်သွားခဲ့ပါတယ်။
.
#KBZTai #International
.

No comments:
Post a Comment