လားရှိုးတွင် လေပြင်းတိုက်၍ သစ်ပင်များ ကျိုးကျကာ ဓာတ်တိုင်များ ပျက်စီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 6, 2026

လားရှိုးတွင် လေပြင်းတိုက်၍ သစ်ပင်များ ကျိုးကျကာ ဓာတ်တိုင်များ ပျက်စီး

 



ရှမ်းပြည်မြောက်ပိုင်း၊ လားရှိူးမြို့တွင် ယနေ့ မေလ ၆ ရက်၊ ညနေပိုင်းက လေပြင်းတိုက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များ ကျိုးကျကာ ဓာတ်တိုင်နှင့် ဆိုင်းဘုတ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

.

လားရှိုးဘူတာ လမ်းမကြီးပေါ် တရားရုံးလမ်းကနေ ခရေပင်လမ်း၊ လားရှိုးမိုတယ်နားထိ သစ်ပင်ကြီးတွေ ကျိုးကျ ပြိုလဲကုန်တာ တွေ့ရပါတယ်။ ဓါတ်မီးတိုင်တွေလည်း ပြိုကုန်ပါတယ်။ ပျက်ဆီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ကူညီကယ်ဆယ်ရေးတွေတော့ လုပ်ဆောင်နေကြပါတယ်။”ဟု လားရှိုးဒေသခံ တစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။

.




No comments:

Post a Comment

Pages