.
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်
.
တောင်ကြီး-သာစည် အစုန်-အဆန် ရထားများကို
တစ်ပတ်တစ်ကြိမ် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
.
.ထိုသို့ပြေးဆွဲရာတွင် တောင်ကြီးမှ သာစည်ခရီးစဉ်
၁၄၂ အစုန် ကို အပတ်စဉ် တနင်္လာနေ့၊ နံနက် ၆ နာရီတွင် စတင်ပြေးဆွဲပေးနေပြီး
သာစည်မြို့သို့ ည ၇ နာရီခွဲခန့်တွင် ရောက်ရှိမည်ဖြစ်ကာ သာစည်မှ တောင်ကြီး ခရီးစဉ်
၁၄၁ အဆန်ခရီးစဉ်ကို အပတ်စဉ် သောကြာနေ့ နံနက် ၅ နာရီတွင် စတင်ပြေးဆွဲပေးနေခြင်း
ဖြစ်ကြောင်း သိရသည်။
.
ခရီးစဉ်တစ်လျှောက် ရွှေညောင်၊ ဟဲဟိုး၊ ကမ်းနား၊
အောင်ပန်း၊ ကလော၊ မြင်းဒိုက်၊ ဆင်တောင်၊ ခွေးရုပ်၊ ပထမလွန်းထိုး၊ လယ်ပြင်၊ ရေပူ၊ ပြည်ညောင်၊
ယင်းမာပင်၊ ဘုရားငါးဆူ၊ လှိုင်းတက်ဘူတာများတွင် ခေတ္တ ရပ်နားပေးကြောင်း သိရသည်။
.
တန်ဆာခ အနေဖြင့် တောင်ကြီး-သာစည် ခရီးစဉ်တွင်
ပျှမ်းမျှအားဖြင့် ကုန်ချိန် တစ်ပိဿာလျှင် တစ်မိုင်အတွက် ၁၇ ကျပ် ဝန်းကျင်
ကျသင့်ပြီး တောင်ပေါ်လမ်းပိုင်းနှင့် မြေပြန့်လမ်းပိုင်းပေါ် မူတည်၍ တန်ဆာခ
အနည်းငယ် ကွာခြားကြောင်း သိရသည်။
.
“ကားခဈေးနဲ့ အများကြီးကွာတော့ ခရီးသွား
များပါတယ်။ ခွေးရုပ်တစ်ဝိုက်နဲ့ လယ်ပြင်ဘူတာဘက်မှာ ခရီးသည် ပိုများပါတယ်” ဟု
ခရီးသွားတစ်ဦးက ပြောသည်။
.
အဆိုပါ တောင်ကြီး-သာစည် ရထားခရီးစဉ်သည်
သာစည်မြို့ဝင်ချိန်တွင် ရန်ကုန်ရထားနှင့် မန္တလေးရထား ခရီးစဉ်များနှင့် အချိန်
မတူညီသည့်အတွက် ရန်ကုန်၊ မန္တလေးသို့ ဆက်သွားလိုပါက သာစည်တွင် တစ်ညအိပ် ပြီး
နောက်ရက်မှသာ ခရီးဆက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment