ပညာရေးနှင့် အားကစား ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား/သူများ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အရေးကြီးဟု ရှမ်းဝန်ကြီးချုပ် ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 4, 2026

ပညာရေးနှင့် အားကစား ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား/သူများ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အရေးကြီးဟု ရှမ်းဝန်ကြီးချုပ် ပြော

.

၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်

.

ပညာရေးနှင့် အားကစား ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား/ကျောင်းသူများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးသည် အဓိက အရေးကြီးသည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြောဆိုခဲ့သည်။

.

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Football For School Program အရ ကျင်းပ ပြုလုပ်သည့် ဘောလုံးအခြေခံသင်တန်းနှင့် ဆက်စပ်အားကစားနည်းများသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မေလ ၄ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

ပြည်နယ်ဝန်ကြီးချုပ်က မြန်မာလူမျိုးများသည် ပင်ကိုယ်အားဖြင့် အားကစားကို ချစ်မြတ်နိုးပြီး အားကစား စိတ်ဓါတ် ရင့်သန်သောလူမျိုးများ ဖြစ်သည့်အတွက် အားကစားကို လေ့လာလိုက်စားနိုင်စေရန် လူငယ် လူရွယ်များအနေဖြင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူငယ်များ၏ အားကစားစွမ်းရည် မြှင့်တင်ရေးအတွက် အရေးပါသော Football For School အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဟူသည့် မြင့်မားသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ် အားကစားသင်တန်းများ ပြုလုပ်ပေးခြင်းအားဖြင့် ကလေးလူငယ်များကြား အားကစားကို ပိုမိုစိတ်ဝင်စား လိုက်ပါကစားလာနိုင်ကြမည်ဖြစ်သလို လူငယ်များ၏ ပျော်ရွှင်မှုကိုလည်း များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ပညာရေးနှင့် အားကစား ပေါင်းစပ် ဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးသည် အဓိက အရေးကြီးလာပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

.

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အားကစား သစ္စာအဓိဌာန်ရွတ်ဆိုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သင်တန်းသားများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ဝူရှူးအားကစားအဖွဲ့မှ သရုပ်ပြသပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဘင်ခရာတပ်ဖွဲ့နှင့် ဝှူရှူးအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ဘောလုံး၊ ဝူရှူး၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ရေကူး စသည် သင်တန်းများအတွက် အားကစား အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဘောလုံးအခြေခံသင်တန်းနှင့် ဆက်စပ်အားကစားနည်းများ (ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ ဝူရှူး၊ ရေကူး) သင်တန်သို့ သင်တန်းသား၊ သင်တန်းသူ ၁၅၀၀ ဦးတက်ရောက်ပြီး သင်တန်းကို မေလ ၂၂ ရက်နေ့ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages