.
၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊
ဝမ်မိုင်ကျေးရွာအနီးတွင် ယမန်နေ့ မေလ ၁ ရက်၊ နံနက်အစောပိုင်းက တရားမဝင် ဝင်ရောက်နေထိုင်နေသည့်
တရုတ်နိုင်ငံသား ၄၃ ဦးအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
.ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်း လောင်းကစား
လုပ်ကိုင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖော်ထုတ်
ဖမ်းဆီးလျက်ရှိသဖြင့် တရုတ် နိုင်ငံသို့ ပြန်ရန်အတွက် တောလမ်းအတိုင်း
ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံအစိုးရအနေဖြင့်
အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို
တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့်
မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်
တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက် နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ
စစ်ဆေးကာ လူသားချင်း စာနာထောက်ထားမှု နှင့် နိုင်ငံအချင်းချင်း
ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်
လွှဲပြောင်းပေးခြင်း များ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း
ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင် လွှဲပြောင်းပေးခြင်းများနှင့်
တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment