မူဆယ်တွင် တစ်ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်း တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, May 1, 2026

မူဆယ်တွင် တစ်ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်း တွေ့ရှိ

.

၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယနေ့ မေလ ၁  ရက်အတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း မူဆယ်မြို့၊ နှလုံးလှလူမှုကူညီရေးအသင်းထံက သိရသည်။

.

.

“ဒီနေ့ ၃ လောင်းပါ။ အရင်နေ့ကလည်း တစ်လောင်း တွေ့ပါတယ်။ သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြား ပြီး ကျွန်တော်တို့က ဆက်လက်ဆောင်ရွက်ရပါတယ်။ ပိုင်ရှင်မဲ့ ဆိုတော့ အားလုံး အခမဲ့ လုပ်ပေးရတာပါ” ဟု နှလုံးလှလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မူဆယ်မြို့နယ်အတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်းများ နေ့စဉ်လိုလို တွေ့ရှိနေရပြီး အများစုမှာ မူးယစ်ဆေး ကြောင့်သေဆုံးသူ များပြားကြောင်း ၎င်းထံက သိရသည်။

.

“မူးယစ်ဆေး မရှိရင် အကောင်းဆုံးပေါ့။ ရောင်းချတဲ့သူမရှိရင် သုံးစွဲတဲ့သူ မရှိဘူးပေါ့” ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

.

မူဆယ်မြို့သည် တရုတ်-မြန်မာ နယ်စပ်ဝင်ပေါက်မြို့ဖြစ်သည့်အားလျော်စွာ လူကုန်ကူးမှု၊ ဒုစရိုက်မှုမျိုးစုံနှင့် မကြာခဏ ဖြစ်ပွားတတ်ပြီး ယခုကဲ့သို့ မူးယစ်ဆေးစွဲ ပိုင်ရှင်မဲ့ ရုပ်အလောင်းများ မကြာခဏ တွေ့ရတတ် ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages