တရုတ်မှာ ယောက်ျားလေး သန်း ၃၀ လောက် ရည်းစားရှာဖို့ ခက်ခဲနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, May 10, 2026

တရုတ်မှာ ယောက်ျားလေး သန်း ၃၀ လောက် ရည်းစားရှာဖို့ ခက်ခဲနေ



ရည်းစားမရှိလို့ စိတ်ညစ်နေပါသလား။ ဒီဆောင်းပါးကိုသာဖတ်လိုက်ပါ။ ကိုယ်ကသာ ဘယ်အချိန်မဆို ရည်းစားတစ်ယောက် ကောက်ရနိုင်သေးပေမဲ့ တရုတ်နိုင်ငံမှာတော့ ယောက်ကျားလေး သန်း ၃၀ လောက်က ရည်းစားရှာဖို့ ခက်ခဲနေကြပါပြီ။ ဒီအချက်အလက်က တကယ်ပဲဖြစ်ပြီး CNA လို့ခေါ်တဲ့ Channel News Asia ရဲ့ဆောင်းပါးကို ပြန်လည်ဝေမျှပေးမှာပါ။
.
တရုတ်နိုင်ငံမှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် သန်း ၃၀ လောက် ပိုမိုများနေပြီမို့ ရည်းစားရဖို့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာကြပြီး ရည်းစားရှာပေးတဲ့ အေဂျင်စီတွေ ပိုက်ဆံတော်တော်ဝင်လာကြတယ်လို့ အချက်အလက်တွေက ပြောနေပါတယ်။ မိန်းမတွေအနေနဲ့ ယောက်ျားတစ်ယောက်ကို ခေါင်းခေါက် ယူလို့ရနေပြီး ယောက်ျားလေးတွေကတော့ မိန်းကလေးတစ်ယောက် ရည်းစားမရှိဘူးဆိုရင် ရုပ်ချောချော မချောချော၊ ပိုက်ဆံရှိရှိ မရှိရှိ သိပ်ရွေးလို့မရတဲ့ အနေအထားတွေ ဖြစ်ကုန်တာပါ။
.
ကိုယ်တိုင်ရှာဖို့ ခက်နေတဲ့အနေအထားတွေကြောင့် အွန်လိုင်းပေါ်က ချစ်သူရှာပေးတဲ့ App တွေကို သုံးလာကြရသလို မိတ်ဖက်ရှာဖွေရေး ကျွမ်းကျင်သူတွေဆီကို အကူအညီတောင်းလာရပါတယ်။
.
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇောင်း ဆိုတဲ့သူက အိုင်တီပိုင်းမှာ မန်နေဂျာတစ်ယောက်ပါ။ သူ့ရဲ့ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ၄၀၀၀၀ ကျော်လောက်ရှိပြီး တိုက်ခန်း ခန်း ပိုင်ဆိုင်ထားသလို တည်ငြိမ်တဲ့ဘဝကို ပိုင်ဆိုင်နေတဲ့သူပါ။ သူ့အတွက် တစ်ခုတည်းသော ပြသနာက ရည်းစားရှာလို့မရတာပဲဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ရောက်တဲ့အထိ ရည်းစားမရနိုင်ပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူက မိတ်ဖက်ရှာဖွေရေး ကျွမ်းကျင်သူတွေကိုငှားပြီး ရည်းစားရဖို့ ကြိုးစားနေရရှာတာပါ။
.
ဒီလိုအခြေအနေတွေမှာ တရုတ်နိုင်ငံရဲ့ အိမ်ထောင်ပြုမှုနှုန်းကလည်း လျော့ကျသွားခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း လက်ထပ်ခဲ့တဲ့ စုံတွဲအရေအတွက် ဒသမ ၇၆ သန်းသာ ရှိတော့တာပါ။ ဒီအရေအတွက်က ပြီးခဲ့တဲ့ ၁၀ နှစ် တုန်းကနဲ့ယှဉ်ရင် တစ်ဝက်သာ ရှိတော့တာ ဖြစ်ပါတယ်။
.
ဒါ့အပြင် နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲယူရမယ်ဆိုတဲ့ မူဝါဒ၊ သားယောက်ျားလေးကိုသာ ပိုပြီးလိုချင်တဲ့ ယဉ်ကျေးမှုတွေကြောင့် အမျိုးသားဦးရေက တစ်စထက်တစ်စ များပြားလာတာပါပဲ။
.
တရုတ်နိုင်ငံရဲ့မြို့အသီးသီးမှာ ရှိကြတဲ့ အသက် ၂၀ ကနေ ၃၀ အတွင်း လူငယ်တွေဟာ မိတ်ဖက်ရှာဖွေရေး ဝန်ဆောင်မှုတွေမှာ စာရင်းသွင်းထားကြသလို အွန်လိုင်းကနေလည်း ဆက်တိုက်ရှာဖွေနေကြတာပါ။
.
လူငယ်အမျိုးသားတွေအတွက် အခက်အခဲနောက်တစ်ခုက အမျိုးသမီးတွေနဲ့ တွေ့ဆုံဖို့ အချိန်မပေးနိုင် ဖြစ်လာကြတာပါ။ တရုတ်နိုင်ငံရဲ့များပြားတဲ့အလုပ်ချိန်ကြောင့် လူငယ်တွေဟာ ကိုယ့်ပတ်ဝန်းကျင်က အမျိုးသမီးတွေကလွဲရင် တခြားနေရာတွေက အမျိုးသမီးတွေကို မတွေ့နိုင်ပဲဖြစ်လာကြပါတယ်။
.
အေဂျင်စီတွေကို အပ်လိုက်တယ်ဆိုရင်တော့ ကိုယ်နဲ့ မရင်းနှီးသေးတဲ့ မိန်းကလေးနဲ့ မိနစ် ၃၀ တွေ့ဆုံ စကားပြောခွင့်ရပြီး နောက်တစ်ကြိမ် ပြောခွင့်ရ၊ မရကတော့ ကိုယ့်ရဲ့စွမ်းရည်ပေါ်မှာသာ မူတည် တော့တာပါ။
.
ရှန်တုံမြို့နယ်အခြေစိုက်တဲ့ မိတ်ဖက်ရှာဖွေရေးကျွမ်းကျင်သူ ဂွမ်လီ ကတော့ ဒီနေ့ခေတ်အမျိုးသမီးတွေဟာ ကားပိုင်တဲ့သူ၊ အိမ်ချေးငွေမရှိတဲ့သူ၊ အိပ်ခန်း ခန်း အနည်းဆုံးပါတဲ့ တိုက်ခန်းပိုင်ဆိုင်တဲ့သူကိုမှ လက်တွဲဖော်အဖြစ် မျှော်လင့်လာတဲ့အကြောင်း ဖွင့်ဟပါတယ်။ သူတို့ရဲ့စံနှုန်းနဲ့ မညီဘူးဆိုရင် ငြင်းပယ်ဖို့ အတွက် မနှောင့်နှေးတတ်ကြဘဲ နောက်ထပ် ချိတ်ဆက်သူကိုသာ အသင့်စောင့်နေကြတာပါ။
.
ဒါ့အပြင် အစိုးရပိုင်ကုမ္ပဏီတွေမှာ အလုပ်လုပ်တဲ့သူ၊ လစဉ်ဝင်ငွေက အနည်းဆုံး ယွမ် ၁၂၀၀၀ ရှိတဲ့သူ၊ အကျိုးခံစားခွင့်ကောင်းတွေနဲ့ ပင်စင်ကောင်းကောင်းရှိသူတွေကိုလည်း မိန်းကလေးတွေက သဘောကျ ကြပါတယ်။
.
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စက်ကိရိယာအရောင်းဝန်ထမ်း ဂေါင်ဇူ ဆိုတဲ့သူကတော့ အဲဒီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့အပြင် အိမ်ဝယ်ထားတဲ့ချေးငွေကိုလည်း ဆပ်နေရတာပါ။ ဒီအကျိုးဆက်အနေနဲ့ အမျိုးသမီး တွေနဲ့ Blind Date ကြိမ်တွေ့ခဲ့ပြီး အကြိမ်တိုင်းမှာ အမျိုးသမီးတွေက ထပ်တွေ့ဖို့ အငြင်းခံရရှာတာပါ။
.
တချို့အမျိုးသားတွေကျပြန်တော့လည်း သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေမြင့်တာကြောင့် ရည်းစားမရနိုင် ကြရှာပါဘူး. အသက်ငယ်ရမယ်၊ ရုပ်ချောရမယ်၊ နားလည်မှုပေးနိုင်ရမယ် စတဲ့မိန်းကလေးမျိုးကို လိုချင် ကြတာဖြစ်ပြီး ပညာရေးအဆင့်မြင့်ဖို့ကိုလည်း သူတို့ရဲ့လိုအပ်ချက်ထဲမှာ ထည့်ထားကြပြန်ပါတယ်။
.
ကိုယ်က သိပ်မသိတဲ့ သူတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုရင် ပညာတတ်တာက အာမခံတစ်ခုလိုပဲလို့ အသက် ၂၈ နှစ်အောက် မိန်းကလေးတစ်ယောက်ယောက်နဲ့ ရည်းစားဖြစ်ချင်နေတဲ့ ကွန် က ပြောပါတယ်။
.

ရှန်ဇီပြည်နယ်မှာနေတဲ့ အသက် ၂၉ နှစ်အရွယ် အစိုးရဝန်ထမ်းဖြစ်တဲ့ ချန် ဟာ သူ့ကိုယ်သူ ဉာဏ်ရည် မြင့်တယ်လို့ ထင်သူပါ။ သူ့ကိုမိတ်ဆက်ပေးတဲ့ အမျိုးသမီးတွေကို ရုပ်မလှခြင်း၊ ခန္ဓာကိုယ်မလှခြင်း ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ချောတဲ့မိန်းကလေးတွေနဲ့ တွေ့ရပြန်တော့လည်း ချန် ဆီမှာ ဉာဏ်ကောင်းတာကလွဲရင် ဘာမှ မရှိတာမို့ ချောမောတဲ့မိန်းကလေးတွေက သူ့ကို ငြင်းကြ ပြန်ပါတယ်။
.
ဒီနေ့ခေတ်မှာတော့ မိတ်ဖက်ရှာဖွေရေးဝန်ဆောင်မှုကို အသုံးပြုလာသူအများစုက လူငယ်တွေဖြစ်လာကြပြီး တချို့ကလည်း အသက်ငယ်နေချိန်မှာတောင် ရည်းစားရှာမရတာမို့ စိတ်ပူပြီး မိတ်ဖက်ဝန်ဆောင်မှုတွေဆီ ရောက်လာကြတာပါ။
.
အမျိုးသမီးတွေကတော့ ငယ်ရွယ်လေလေ ယောက်ျားကောင်းနဲ့ တွေ့နိုင်ဖို့ ပိုများလေဆိုတာကို နားလည်လာကြပြီး ငယ်ရွယ်ချိန်မှာတင် ချစ်သူတစ်ယောက်နဲ့တွေ့ချင်လာကြတာပါ။
.
အစိုးရမူဝါဒတွေမှာတောင် ပြောင်းလဲမှုတွေရှိလာပြီး အိမ်ထောင်သည်စုံတွဲတွေအတွက် အကျိုးခံစားခွင့်တွေ များလာသလို၊ Single မိခင်တွေအတွက်လည်း အကျိုးခံစားခွင့်တွေ ပေးလာကြပါတယ်။
.
တရုတ်နိုင်ငံရဲ့ လက်ရှိအနေအထားအရတော့ ရည်းစားရှိသူက ဆရာကြီးပဲဖြစ်ပြီး ရည်းစားမရှိသူတွေ အတွက်တော့ မျက်နှာငယ်စရာကောင်းလွန်းလှပါတော့တယ်။
.
#KBZTai #International #China

No comments:

Post a Comment

Pages