တောင်သူများအတွက် စိုက်ပျိုးရေးစရိတ် ချေးငွေ တိုးမြှင့်ထုတ်ချေးပေးမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, May 10, 2026

တောင်သူများအတွက် စိုက်ပျိုးရေးစရိတ် ချေးငွေ တိုးမြှင့်ထုတ်ချေးပေးမည်



တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးရေးစရိတ် ချေးငွေများကို တိုးမြှင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီချေးငွေ ကာလမှစတင်၍ စိုက်ပျိုးစရိတ် ချေးငွေများ တိုးမြှင့် ထုတ်ချေး ပေးသွားမည် ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာ ချေးငွေများကိုလည်း တိုးမြှင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာအခွန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တိုးမြှင့်ထုတ်ချေးမည့် နှုန်းထားများမှာ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်) လုပ်ငန်းများအတွက် တစ်ဧကလျှင် တစ်သိန်းခွဲကျပ် အစား ကျပ်သုံးသိန်းသို့ လည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်အစား နှစ်သိန်းခွဲကျပ် သို့လည်းကောင်း၊ ပန်းနှမ်း၊ ဆီအုန်းညှင်းနှင့် ဂုန်လျှော် စိုက်ပျိုးရေးစရိတ် ချေးငွေအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်မှ တစ်သိန်းခွဲကျပ်သို့ လည်းကောင်း အသီးသီး တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် မိုးချေးငွေများကို ၂၀၂၆ ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ လည်းကောင်း၊ ဆောင်းချေးငွေကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ လည်းကောင်း၊ မိုးကြို ချေးငွေကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လကုန်အထိ လည်းကောင်း ထုတ်ချေးပေးသွားမည် ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
.
ထို့အပြင် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရန်အတွက် လယ်ယာသုံး စက်ကိရိယာများကိုလည်း ချေးငွေဖြင့် ဝယ်ယူနိုင်ပြီး တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိကို ကဏ္ဍ ရပ်ခွဲ၍ ချေးယူ နိုင်ကာ အတိုးနှုန်းမှာ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
.
ချေးငွေ လျှောက်ထားလိုသူများအနေဖြင့် အာမခံအဖြစ် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-) မူရင်း တင်ပြရမည် ဖြစ်ပြီး တောင်သူလယ်သမားများနှင့် သမဝါယမအသင်းဝင်များကို ဦးစားပေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
.
စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခရိုင်/မြို့နယ်ဘဏ်ခွဲများ) သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
#KBZTai #Shan #Agriculture

No comments:

Post a Comment

Pages