ရနောင်းမှာ ဘတ်သန်း ၅၀ တန်ဖိုးရှိ တရားမဝင် ကုန်စည်တွေ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 11, 2026

ရနောင်းမှာ ဘတ်သန်း ၅၀ တန်ဖိုးရှိ တရားမဝင် ကုန်စည်တွေ ဖမ်းမိ

 


ထိုင်းနိုင်ငံ၊ ရနောင်းမြို့က မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဂိုဒေါင်တစ်ခုထဲမှာ တရားမဝင် သိုလှောင်ထားတဲ့ လျှပ်စစ် ပစ္စည်းတွေကို တွေ့ခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် သန်း ၅၀ ခန့် ရှိတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

.
ဒီပစ္စည်းတွေကို ထိုင်းဝန်ကြီးချုပ် ချန်ဗီရာကူ ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ပြီး အဲကွန်း အလုံးပေါင်း ၂၀၀၀ ကျော်၊ ရေခဲသေတ္တာတွေ၊ စက်ရုံသုံး မီးစက်တွေနဲ့ အခြား လျှပ်စစ်ပစ္စည်းတွေ အမြောက်အမြား ပါဝင်ခဲ့တာပါ။
.
ဒီပစ္စည်းတွေက ရက် ၃၀ အတွင်း ထိုင်းနိုင်ငံကနေ ပြင်ပကို ပို့ဆောင်ရမှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ သတ်မှတ်ကာလကို ကျော်လွန်နေပါပြီ။ တာဝန်ရှိသူတွေကတော့ ဒီပစ္စည်းတွေက မြန်မာနိုင်ငံသား တစ်ဦး ပိုင်ဆိုင်ကြောင်း ပြောပြထားပြီး ဆက်လက် စစ်ဆေးမှုတွေကိုတော့ ပြုလုပ်နေဆဲပါ။
.
ရနောင်းအကောက်ခွန် အရာရှိတွေက မြောင်ခရိုင်၊ ဘမ်းရင်ရပ်ကွက်မှာ ရှိတဲ့ မှတ်ပုံ တင်မထားတဲ့ ဂိုဒေါင် တစ်လုံးကို သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပြီး ဝင်ရောက် စီးနင်းစဉ် အချိန်အတွင်း လျို့ဝှက်ဖုန်း ခေါ်ဆိုမှု တစ်ခုကို လက်ခံ ရရှိခဲ့ပါတယ်။ ဖုန်းခေါ်သူက သူဟာ ထိုင်းရဲ့ အဆင့်မြင့် ရဲအရာရှိတွေကို သိတဲ့အကြောင်းနဲ့ ဂိုဒေါင်ထဲကနေ ချက်ချင်း ပြန်ထွက်သွားဖို့ အကြောင်း သတိပေးခဲ့တာပါ။
.
ထိုင်းဝန်ကြီးချုပ်ကတော့ “မြန်မာဖက်က ဖုန်းခေါ်ဆိုမှု တစ်ခုကို ကျွန်တော်တို့ ရရှိခဲ့ပေမယ့် ဖိအားပေးမှုတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အရာရှိတွေအတွက် ဂုဏ်ယူပါတယ်။ ဒီပစ္စည်းတွေက ပို့ဆောင်ရေးကုန်စည်တွေ အဖြစ် သတ်မှတ်ခံထားရပြီး ရက် ၃၀ အတွင်း ထိုင်းနိုင်ငံကနေ ထွက်သွားရမှာတွေပါ။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ သတ်မှတ်ကာလကို ကျော်လွန်နေပုံပါပဲ” လို့ ပြောပါတယ်။

.
တာဝန်ရှိသူတွေ အနေနဲ့ သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေဟာ တရားဝင်ဖြစ်ကြောင်း အခွန် စာရွက်စာတမ်းတွေနဲ့ ပြသနိုင်မယ်ဆိုရင် ပြန်လည်ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်းနဲ့ ဒီလိုမှ မဟုတ်ရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ့်အကြောင်း အသိပေးထားပါတယ်။

.

No comments:

Post a Comment

Pages