.
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်
.
တောင်ကိုရီးယားနိုင်ငံမှာ လူဦးရေကျဆင်းမှုကို
သိသိသာသာ ခံစားနေရပြီး ကလေးမွေးဖွားနှုန်း အနိမ့်ဆုံး နိုင်ငံတွေထဲက
တစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာပါ။ တောင်ကိုရီးယားအမျိုးသမီးတွေက သူတို့ကိုယ် သူတို့
အလှမပျက်ချင်ကြတာကြောင့် ကလေးယူဖို့ကို မစဉ်းစားချင်ကြဘဲ တစ်အိမ်ထောင်ကို ကလေး တစ်ယောက်လောက်
ရဖို့တောင် ခက်ခဲနေကြတာပါ။
.
ဒါပေမဲ့ ၂၀၂၆ ခုနှစ်ထဲမှာတော့
ကလေးမွေးဖွားနှုန်းက ပြန်လည်တိုးတက်လာနေတာကို အံ့အားသင့်ဖွယ် တွေ့လာရပါတယ်။
.
တောင်ကိုရီးယားအစိုးရက အိမ်ထောင်စုတွေ
ကလေးပိုမွေးစေဖို့အတွက် နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ အစီအစဉ်တွေ လုပ်နေခဲ့တာပါ။
တောင်ကိုရီးယားမှာ အမျိုးသမီးတွေက ကလေးမွေးရင် အလှပျက်မှာအပြင် ကလေးစရိတ်၊
အလုပ်အကိုင်အပေါ်သက်ရောက်နိုင်မှု၊ ကလေးရှိလာရင် ထိန်းသိမ်းစောင့်ရှောက်ဖို့
အချိန် မပေးနိုင်မှု စတာတွေကြားမှာ ပိတ်မိနေခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ
မွေးဖွားမှုနှုန်းက စံချိန်တင် အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့ပါတယ်။
.
တောင်ကိုရီးယားအချက်အလက်ဌာနရဲ့ဖော်ပြချက်အရ
ပြီးခဲ့တဲ့ ဖေဖော်ၒါရီလအတွင်းမှာတင် ကလေး ၂၃၀၀၀ နီးပါး မွေးဖွားခဲ့ပြီး ပြီးခဲ့တဲ့
၇ နှစ်အတွင်း စံချိန်တင်နှုန်းထား ဖြစ်ခဲ့ပါတယ်။
.
အစိုးရအနေနဲ့ ကလေးမွေးဖွားမယ်ဆိုရင်
ကိုယ်ဝန်ဆောင်စရိတ်က အစ၊ လုပ်ငန်းခွင် လစာပြည့်ခွင့်၊ ကလေး မွေးတဲ့အချိန်
ကုန်ကျစရိတ်တွေအပြင် ကလေးပြုစုစရိတ်ဆိုပြီး ပေးနေတာတွေကလည်း အမျိုးသမီး တွေရဲ့
ကလေးမွေးချင်စိတ်ကို ပြန်ပြီး လှုံ့ဆော်လာနိုင်ခဲ့ပါတယ်။
.
အစိုးရအနေနဲ့ အမျိုးသမီးတစ်ယောက် ကလေးမွေးတဲ့အခါ
ဝမ် ၂ သန်း
.
မီးဖွားစရိတ် အတွက် ဝမ် ၁ သန်း သယ်ယူပို့ဆောင်ရေးနဲ့
မီးဖွားပြီးတဲ့နောက် စောင့်ရှောက်ရေး အထောက်အပံ့ဆိုတာတွေပါ ထပ်ပေးထား ပါသေးတယ်။ ဒါ့အပြင်
ကလေးရဲ့ ပထမတစ်နှစ်အတွင်း မိဘတွေကို လစဉ် ဝမ် ၁ သန်း ထောက်ပံ့ပေးသလို ကလေးရှိနေတဲ့
မိသားစုတွေအတွက် အတိုးနည်းချေးငွေ၊ မိဘခွင့်တိုးချဲ့ပေးခြင်းနဲ့
အခြားအထောက်အပံ့တွေကိုလည်း ပေးနေသေးတာပါ။
.
တချို့ကုမ္ပဏီတွေကလည်း ကလေးမွေးတဲ့ဝန်ထမ်းတွေကို
ဆုကြေးငွေအများကြီးပေးတာတွေတောင် လုပ်ကြပြီး မွေးဖွားမှုနှုန်းကို
ပြန်လည်မြင့်တက်လာအောင် ကြိုးစားနေကြတာပါ။
.
တစ်ဖက်မှာတော့ မိဘဖြစ်လာမယ့်သူတွေက အစိုးရက
ထောက်ပံ့မယ်ဆိုတဲ့ ပိုက်ဆံတွေဟာ လက်တွေ့မှာ ဘယ်လိုမှ လုံလောက်မှု မရှိဘူးလို့ ညည်းကြပြန်ပါတယ်။
.
ပြသနာတွေထဲမှာ ကျူရှင်ခ အရမ်းမြင့်နေတာတွေ၊
ကျောင်းတွေမှာ အနိုင်ကျင့်ခံရမယ့် ပြသနာတွေအပြင်၊ ကလေးတွေကြောင့်ဖြစ်လာမယ့်
လူမှုရေးပြသနာတွေကိုပါ သူတို့က ထည့်ပြီး စဉ်းစားနေကြပြန်ပါတယ်။
.

No comments:
Post a Comment