တောင်ကြီးတွင် ဒုတိယအကြိမ် နွေရာသီ အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 11, 2026

တောင်ကြီးတွင် ဒုတိယအကြိမ် နွေရာသီ အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းက နွေရာသီ အခြေခံ အင်္ဂလိပ်စာ နှင့် အင်္ဂလိပ်စာ သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

.

.

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက လူငယ်ဟူသည်မှာ အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်သည့် အတွက် လူငယ်များ၏ အတွေးအခေါ်၊ အတွေ့အကြံ၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စများ ထူးချွန် ထက်မြက်နေရမည် ဖြစ်သလို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန်နှင့်လည်း ပြည့်စုံနေရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြည့်စုံနေစေရန် လူငယ်များအတွက် အခွင့်အလမ်းနှင့် လူငယ်စွမ်းရည်များ ဖွံ့ဖြိးတိုးတက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

.

ထို့နောက် ပြည်နယ်ဝန်ကြီးက သင်တန်းအတွက် ထောက်ပံ့ငွေ ၅၉၆၀၀၀ ကျပ်နှင့် သင်ထောက်ကူပစ္စည်း များအား ပေးအပ်ရာ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေနှင့် တောင်ကြီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းအောင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

.

အဆိုပါ နွေရာသီအခြေခံ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၊ ကျောင်းသား၊ ကျောင်းသူး ၅၀ ဦးခန့် တက်ရောက်လျက်ရှိပြီး သင်တန်းကို မေ ၂၉ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages