တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့အနောက်တောင်ဖက် အစွန်မှာရှိတဲ့ ရှင်ချောင်မြို့ငယ်လေးထဲမှာတော့ မိုးမလင်းခင် အချိန်ကတည်းက လှုပ်ရှားနေကြတဲ့ လူရာချီ ရှိနေပါတယ်။ အများစုက အသက် ၅၀ ကျော်အရွယ်တွေ ဖြစ်ကြပြီး မြို့ထဲက သာမန်ပုံစံ အဆောက်အဦီတစ်လုံးရဲ့ အပြင်ဖက်မှာ စောင့်ဆိုင်းနေကြတာပါ။ တစ်ယောက်ကိုတစ်ယောက် တိုးဝှေ့ဖိကပ်ထားကြရင်း အဆောက်အဦအပြင်ဖက် သံတန်းတွေကို မှီလို့ထားကြပါတယ်။
.
မှိန်ဖျော့နေတဲ့
အလင်းရောင်အောက်မှာ တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်းယှဉ်ရပ်နေကြပေမဲ့
စိတ်အေးလက်အေး မရှိတဲ့ သူတို့ရဲ့မျက်နှာတွေကို မြင်လို့နေရတယ်။
.
အသက်
၅၀ နဲ့ ၆၀ ကျော်အရွယ် အမျိုးသားကြီးတွေရဲ့လက်ထဲမှာ မြေတူးဂေါ်ပြားတွေနဲ့
တူးရွင်းတွေ ကိုင်ထားကြပြီး အမျိုးသမီးကြီးတွေရဲ့ လက်ထဲမှာတော့
သန့်ရှင်းရေးပစ္စည်းတွေနဲ့ အဝတ်စတွေထည့်ထားတဲ့ အိတ်တွေကို ကိုင်ထားကြတာပါ။
တချို့ကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သုံးတဲ့ အဝါရောင်
လုံခြုံရေးဦးထုပ်တွေကို ဝတ်လို့ထားကြတယ်။
.
အဆောက်အဦးရဲ့
အဝင်ပေါက်ကို ကြည့်လိုက်မယ်ဆိုရင်တော့ “Ling Gong Yi Zhan” လို့ စာလုံးအကြီးနဲ့
ရေးသားထားတာကို တွေ့ရပါလိမ့်မယ်။ အင်္ဂလိပ်လိုဆိုရင်တော့ “Gig
Station” လို့
ခေါ်ကြပြီး မြန်မာလို ဆိုရင်တော့ “နေ့စားအလုပ်သမားစခန်း” လို့ ပြောရမှာပါ။
.
ဒီနေရာက
တရုတ်နိုင်ငံတစ်ဝှမ်းမှာ တည်ဆောက်ထားတဲ့ အစိုးရထောက်ပံ့တဲ့ နေရာပေါင်း ၉၀၀၀ ထဲက
တစ်ခုပါ။ တရုတ်အစိုးရက နေ့စားအလုပ် လုပ်ချင်သူတွေအတွက် ဒီလိုနေရာမျိုးတွေကို
ပြီးခဲ့တဲ့ ၃ နှစ် အတွင်း နိုင်ငံအနှံ့တိုးချဲ့ ဆောက်လုပ်ပေးခဲ့ပြီး
အလုပ်ခေါ်ယူရေးစခန်းတွေလို့ သတ်မှတ်ထားကြတာပါ။
.
မြင်ကွင်းကတော့
ရုပ်ရှင်တွေထဲက လိုပါပဲ။ အလုပ်သမား လိုချင်တဲ့သူတွေက ရောက်လာမယ်။
ဘယ်နှယောက်လိုတယ်၊ ဘယ်လိုအလုပ်ရှိတယ်ဆိုတာကို ပြောမယ်၊ ပြီးရင်
လုပ်ချင်တဲ့သူတွေထဲကမှ သူတို့လိုချင်တဲ့သူကို ရွေးခေါ်သွားမယ်၊ ဒါပါပဲ။
အရွေးမခံရတဲ့သူတွေကတော့ နောက်ထပ်လာခေါ်မယ့် အလုပ်ရှင်ကို စောင့်ကြရတာပါ။
.
တရုတ်အစိုးရရဲ့
စစ်တမ်းတွေမှာတော့ ဒီလိုမျိုး နေ့စားအလုပ်သမားတွေဟာ သန်း ၂၄၀ ကျော်ရှိနေပြီး
တရုတ်အလုပ်သမား ရာခိုင်နှုန်းရဲ့ ၃၀% လောက်ကို ကိုယ်စားပြုနေကြတာပါ။
အသက်အရွယ်ကြောင့် အလုပ်က အထုတ်ခံရသူတွေ၊ တခြားပြသနာတွေကြောင့်
အလုပ်လက်မဲ့ဖြစ်နေသူတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စက်ရုံတွေ ပိတ်လိုက်ကြလို့
အလုပ်လက်မဲ့ဖြစ်သွားသူတွေဟာ နေ့စားအလုပ်သမားတွေ အဖြစ် ပုံစံပြောင်းလဲ လာကြပါတယ်။
.
အများစုအတွက်တော့
ဒီလိုနေ့စားအလုပ်တွေက လွတ်လပ်လို့ဆိုတာထက် ရွေးချယ်စရာမရှိတဲ့ အခြေအနေ မျိုးမို့သာ
လုပ်နေရကြတာပါ။ အလုပ်လုပ်သူတိုင်းနီးပါးက သူတို့ရဲ့အလုပ်ဟာ လစာအနည်းဆုံးနဲ့
အပင်ပန်း ဆုံး အလုပ်လို့ ညည်းတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအလုပ်မလုပ်ရင်
ဘာလုပ်မလဲဆိုတော့လည်း သူတို့မှာ ရွေးချယ်စရာ မရှိပြန်ပါဘူး။
.
နေ့စားသမားတွေအတွက်
စောင့်နေတဲ့အလုပ်အများစုက မြေယာအလှဆင်ခြင်း၊ ခြံလုပ်ငန်းတွေ၊ အမှိုက်
ရှင်းလင်းရေး၊ မြောင်းတူးအလုပ်တွေနဲ့ တခြားအလုပ်ကြမ်းတွေပါပဲ။ စက်ရုံတွေကနေ
အလုပ်ပြုတ်လာတဲ့ ကျွမ်းကျင်လုပ်သားတွေထဲမှာ လျှပ်စစ်ကျွမ်းကျင်တွေ၊ ဂဟေဆော်သူတွေ
ရှိတတ်ပေမဲ့ သူတို့ကတော့ ဒီလို အလုပ်ခေါ်ယူရေးစခန်းတွေဆီ မလာဘဲ အွန်လိုင်းကနေ
အလုပ်ရှာကြတာပါ။
.
အလုပ်ရှင်တွေဖက်က
ကြည့်ရင်တော့ ဒီလိုအလုပ်သမားတွေက လစာနည်းနည်းနဲ့ ရနိုင်တယ်၊ လိုတဲ့အချိန်
ခေါ်သုံးလို့ရတယ်၊ ကျွမ်းကျင်မှုလည်း သိပ်မလိုဘူးဆိုတော့ တော်တော်လေး
အဆင်ပြေကြပါတယ်။
.
အသက်ကြီးပိုင်းတွေအတွက်
ပင်ပန်းတဲ့အလုပ်တွေ ဆိုပေမဲ့ ရွေးစရာမရှိတဲ့ အခြေအနေတွေမှာတော့ နေ့စားစခန်းတွေမှာ
လူတွေစုပုံနေကြတာပါပဲ။
.
မျိုးရိုးနာမည်ကလွဲပြီး
သူ့နာမည်ကို ဖုံးကွယ်ထားချင်တဲ့ အသက် ၆၀ အရွယ် မစ္စတာရှီ ကတော့ “အညစ်ပတ်ဆုံးနဲ့
အပင်ပန်းဆုံးအလုပ်တွေကို လစာအနည်းဆုံးနဲ့ လုပ်နေရတာပါပဲ၊ တရုတ်မှာ ဒီလို
အလုပ်တွေကို ကျွန်တော်တို့လိုအရွယ်တွေပဲ လုပ်ကြတာ၊ လူငယ်တွေက ထိတောင်
မထိချင်ကြဘူး၊ ဒါက အလုပ်သမားတွေထဲက အနိမ့်ဆုံးအဆင့်” လို့ ဆိုပါတယ်။
.
ရှီ
တစ်ယောက် ဘယ်လို ညည်းညူနေပေမဲ့လည်း သူ့မျက်လုံးတွေကတော့ လမ်းမဆီမှာပါပဲ။
အလုပ်ခေါ်ဖို့ ဝင်လာမယ့် ကားတစ်စီးစီးကို မျှော်နေလေရဲ့။
.
#KBZTai #International
.
.jpg)
No comments:
Post a Comment