ဒီတစ်ပတ်
တနင်္ဂနွေမှာ ကစားရမယ့် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်ကိုသာ
နိုင်ခဲ့ရင် အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီလို့
လီဗာပူးလ် ကစားသမားဟောင်း ကာရေဂါက ခန့်မှန်းလိုက်ပါတယ်။
.
ပြီးခဲ့တဲ့
တစ်ပတ်ပွဲမှာ မန်စီးတီးတို့ သရေကျသွားခဲ့တာကြောင့် အာဆင်နယ်က အမှတ်ပေး ဇယားရဲ့
ထိပ်ဆုံးမှာ မန်စီးတီးထက် တစ်ပွဲ ပို ကစားပြီး ၅ မှတ်အသာနဲ့ ရပ်တည်နေခဲ့ပါတယ်။
.
ဒီ တစ်ပတ်မှာတော့
အာဆင်နယ်က ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပြီး နောက်ထပ် ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဘန်လေ၊ ပဲလေ့စ်တို့နဲ့
ပွဲတွေကို မေလထဲမှာ ကစားသွားရမှာပါ။
.
ဘန်လေရဲ့ ခြေစွမ်းက
အာဆင်နယ်ကို ယှဉ်နိုင်မှာ မဟုတ်တဲ့အပြင် ပဲလေ့စ်ကလည်း အမှတ်
မလိုတော့တဲ့
အနေအထားမို့ အာဆင်နယ် အနေနဲ့ ဒီတစ်ပတ် ပွဲကိုသာ နိုင်လိုက်ရင် ချန်ပီယံ
ဖြစ်ဖို့
သေချာသွားပြီလို့ ကာရေဂါက သုံးသပ်လိုက်တာပါ။
.
အာဆင်နယ် တိုက်စစ်မှုူးဟောင်း ဖြစ်တဲ့
အွန်နရီကလည်း လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်
ချန်ပီယံဆုအတွက်
အဆုံးအဖြတ် ပေးနိုင်မယ့်သူက အာဆင်နယ်
ကိုယ်တိုင်ပဲလို့
မှတ်ချက်ပေးလိုက်ပါတယ်။
.
“အာဆင်နယ် အနေနဲ့
သူတို့ရဲ့ သမိုင်းကို သူတို့ ရေးရတော့မှာပါ။ မန်စီးတီးရဲ့ လက်ထဲမှာ
ဆုဖလားနဲ့ ပတ်သက်ပြီး ဆုံးဖြတ်နိုင်ခွင့်
မရှိတော့ပါဘူး။
အာဆင်နယ် အနေနဲ့ မန်စီးတီးကို အခွင့်အရေး
ပေးလိုက်မလား၊ သူတို့ ကိုယ်တိုင်ပဲ
ဆက်သွားမလား အရေးကြီးနေပါပြီ” လို့ အွန်နရီက ဆိုပါတယ်။
.
အာဆင်နယ်ဟာ
ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်ထားနိုင်ခဲ့ပြီ ဖြစ်တာကြောင့်
ဒီရာသီမှာ အဓိက ဆုဖလား ၂ လုံး ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းသာ လိုပါတော့တယ်လို့ ပြောရမှာပါပဲ။

No comments:
Post a Comment