ရှမ်းပြည်နယ်တောင်ပိုင်း၊
နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာအုပ်စု၊ နမ့်စန်-မိုးနဲသွားလမ်း၊
မိုင်တိုင်အမှတ် (၁၆/၀)နှင့် (၁၆/၁)အကြား တံတားဖြူ အနီး၌ မေလ ၈ ရက်၊ ည ၇ နာရီကျော်ခန့်က
လူနာတင်ယာဉ် တိမ်းမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ဖြစ်စဉ်မှာ
လူနာ အမျိုးသားနှင့် လူနာစောင့် အမျိုးသမီး တစ်ဦးတို့အား လင်းခေးမြို့ရှိ
ပရဟိတအသင်း တစ်ခု၏ လူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့မှ တင်ဆောင် မောင်းနှင်လာစဉ် တံတားဖြူအနီးသို့ အရောက်တွင် မော်တော်ယာဉ် လက်ကိုင်ဂွေ
တိုက်ရော့ ပြုတ်ကာ လမ်းဘေး
လျှိုအတွင်းသို့ ထိုးကျ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ် တိမ်းမှောက်မှုကြောင့်
လူနာစောင့် ဖြစ်သည့် မိုးနဲမြို့နေ မခမ်းစန် တွင် စိုးရိမ်ရ ဒဏ်ရာများ၊
လူနာဖြစ်သူ ဦးကျော်အေး တွင်
မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သောကြောင့် နမ့်စန်မြို့ ပြည်သူ့ဆေးရုံသို့
ပို့ဆောင်၍ ဆေးကုသမှု ခံယူစေသော်လည်း မခမ်းစန်မှာ ရရှိသော ဒဏ်ရာဖြင့်
သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
ယာဉ်၏ ကြံ့ခိုင်မှုအား စစ်ဆေးခြင်း မရှိဘဲ မောင်းနှင်သဖြင့်
ယာဉ်ပေါ် ပါသူများအား သေဆုံး၊ ဒဏ်ရာ ရရှိအောင် မောင်းနှင်သူ ယာဉ်မောင်း
စိုင်းကျော်ဝင်း အား နမ့်စန်မြို့မရဲစခန်း၌ ရာဇသတ်ကြီး
၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:
Post a Comment