တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ မီးပွိုင့်များ ပြန်လည်ပြင်ဆင်ပေးရန် ဒေသခံများ လိုလား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 9, 2026

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ မီးပွိုင့်များ ပြန်လည်ပြင်ဆင်ပေးရန် ဒေသခံများ လိုလား



ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်တွင် လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ် ကင်းရှင်စွာ သွားလာ နိုင်ရေးအတွက် အနောက်မြို့ပတ်လမ်းပေါ်ရှိ မီးပွိုင့်များကို ပြန်လည်ပြင်ဆင်ပေးစေလိုကြောင်း ဒေသခံများ ထံက သိရသည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်တွင် နဂါးပွက်ကျောင်းလမ်းဆုံမီးပွိုင့်၊ နိဗ္ဗာန်လမ်းဆုံမီးပွိုင့်၊ ကံသာဓမ္မာရုံလမ်းဆုံမီးပွိုင့်၊ ဝါးပြားလမ်းဆုံမီးပွိုင့်နှင့် ဧရာ၀တီလမ်းဆုံမီးပွိုင့်တို့ ရှိနေပြီး မီးပွိုင့် အများစုမှာ အချက်ပြမီးများ လင်းခြင်းမရှိသည့်အတွက် ယာဉ်မတော်တဆမှု အန္တရာယ်ကို စိုးရိမ်နေရကြောင်း သိရသည်။
.
အနောက်မြို့ပတ်လမ်းပေါ်မှာ ဧရာဝတီလမ်းဆုံ မီးပွိုင့်တစ်ခုပဲ အလုပ်လုပ်တယ်။ ကျန်တဲ့မီးပွိုင့်တွေက အလုပ်မလုပ်တော့ အဲဒီလမ်းဆုံတွေနားရောက်ရင် တော်တော်သတိထားပြီး သွားနေရတယ်။ ဖြစ်နိုင်ရင် အစိုးရအနေနဲ့ မီးပွိုင့်တွေ သုံးလို့ရအောင် ပြင်ပေးစေချင်ပါတယ်” ဟု အနောက်မြို့ပတ်လမ်း အနီး နေထိုင်သူ တစ်ဦးက  ပြောသည်။
.



တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းသည် မြို့ပေါ်နေပြည်သူများ အသုံးပြုမှုများပြားသည့် အပြင် ကုန်တင်ယာဉ်ကြီးများ၊ တွဲယာဉ်များလည်း အသုံးပြုဖြတ်သန်းနေသည့်အတွက် လမ်းဆုံနေရာများတွင် ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားတတ်ကြောင်း သိရသည်။
.
အနောက်မြို့ပတ်လမ်း မီးပွိုင့်တွေက မီးမလင်းတော့ အဲဒီမီးပွိုင့် လမ်းဆုံနေရာတွေမှာ ယာဉ်တိုက်မှုတွေ ခဏခဏဖြစ်တယ်။ မီးပွိုင့်တွေ မီးလင်းရင်တော့ သွားလာရတာ အဆင်ပြေတာပေါ့” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
ဇွန်လဆန်းပိုင်းတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ လမ်းအသုံးပြုသူများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် မီးပွိုင့် များကို အချိန်မီပြင်ဆင်ပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့/အနောက်မြို့ပတ်လမ်း၊ ကမ္ဘောဇလမ်းတို့တွင် စုစုပေါင်း မီးပွိင့် ၁၅ ခုထက်မနည်း တည်ရှိနေပြီး လက်ရှိတွင် မီးပွိင့်အများစုမှာ အလုပ်လုပ်ခြင်း မရှိကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi
.

 

No comments:

Post a Comment

Pages