၂၀၂၆ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ လီဆာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ လီဆာ



တောင်ကိုရီးယားရဲ့ နာမည်ကျော် ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ဝင် လီဆာ ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့  ဖွင့်ပွဲအခမ်းအနားမှာ ပါဝင် ဖျော်ဖြေဖို့ သေချာသွားပါပြီ။

.
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လာမယ့် ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနားတွေအတွက် ဖျော်ဖြေမယ့် အနုပညာရှင်တွေကို ဒီနေ့ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒီနှစ် ကမ္ဘာ့ဖလားကို နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတွေမှာ ပူးတွဲကျင်းပမှာ ဖြစ်ပြီး FIFA က အိမ်ရှင် တစ်နိုင်ငံချင်းစီမှာ ဖွင့်ပွဲ အခမ်းအနားတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။

.
လီဆာက အမေရိကန် ဖွင့်ပွဲအခမ်းအနားအတွက် ဖျော်ဖြေရမှာြ ဖစ်ပြီး ကေတီပယ်ရီ၊ ဖြူးခြား၊ အန်နစ်တာ၊ ရီမာ၊ တိုင်လာ တို့နဲ့အတူ ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

.



လော့စ်အိန်ဂျလိစ်မှာ ကျင်းပမယ့် ဒီဖွင့်ပွဲ အခမ်းအနားက ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အံ့မခန်း ကြီးကျယ်မှုကို ကိုယ်စားပြုနေပါတယ်လို့ FIFA ဥက္ကဌ အင်ဖန်တီနိုက ဆိုပါတယ်။

.
ဖျော်ဖြေမယ့် အနုပညာရှင်စာရင်းက အမေရိကန်နိုင်ငံရဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုံ အဖွဲ့အစည်းတွေရဲ့ တက်ကြွမှုကို ထင်ဟပ်စေပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ဂီတ၊ ဖျော်ဖြေရေးနဲ့ ပေါ့ပ်ရေစီးကြောင်း သက်ရောက်မှုကို ဖော်ပြနေပြီး ဂီတက လူတွေကို တစုတစည်းတည်း ဖြစ်အောင် ချိတ်ဆက်ပေးမယ့် အင်အားကိုလည်း မြင်တွေ့ရစေမှာပါ” လို့ အင်ဖန်တီနိုက ပြောပါတယ်။

.
အမေရိကန်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ အမေရိကန်စံတော်ချိန် ညနေ ၄ နာရီခွဲမှာ ပြုလုပ်မှာ ဖြစ်ပြီး အမေရိကန်နဲ့ ပါရာဂွေးတို့ရဲ့ အဖွင့်ပွဲစဉ် မတိုင်မီ မိနစ် ၉၀ အလိုမှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။



No comments:

Post a Comment

Pages