မော်တော်ယာဉ် စုံ/မစနစ် ဖျက်သိမ်းပေးရန် ဒေသခံများ လိုလား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 4, 2026

မော်တော်ယာဉ် စုံ/မစနစ် ဖျက်သိမ်းပေးရန် ဒေသခံများ လိုလား

.

၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်

.

စက်သုံးဆီအခက်အခဲကြောင့် သတ်မှတ်ထားသည့် မော်တော်ယာဉ် စုံ/မစနစ်အား ပြန်လည် ပယ်ဖျက် ပေးစေလိုကြောင်း တောင်ကြီးဒေသခံများထံက သိရသည်။

.

.

မော်တော်ယာဉ် စုံ/မစနစ် သတ်မှတ်ချက်ကြောင့် ယာဉ်အသုံးပြုသူများအနေဖြင့် နေ့စဉ်သွားလာရေး အပါအ၀င် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

.

“စုံ/မစနစ် သတ်မှတ်ထားတော့ အရေးအကြောင်း ဆေးရုံဆေးခန်း သွားဖို့လိုရင်တောင် လမ်းမှာ အဖမ်းခံရမှာ ကြောက်နေရတယ်။ စက်သုံးဆီနဲ့ ကန့်သတ်ထားပြီးပြီပဲ။ စုံ/မစနစ်ကတော့ ပြန်ဖျက်သိမ်းပေးရင် ကောင်း ပါတယ်” တောင်ကြီးဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လာမည့်ဇွန်လဆန်းပိုင်းတွင် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ရာ မော်တော်ယာဉ် စုံ/မစနစ်ကို ဆက်လက်ထားရှိပါက ကျောင်းပို့/ကျောင်းကြို လုပ်ကိုင်ရာတွင်လည်း အခက်အခဲများ ကြုံလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

.

“၆ လပိုင်းဆိုရင် ကျောင်းတွေပြန်ဖွင့်တော့မယ်။ ကျောင်းဖွင့်ချိန်က မိုးရာသီလည်း ဖြစ်တော့ ဒီသတ်မှတ်ချက် ရှိနေရင် ကျောင်းတက်ရမယ့် ကလေးတွေနဲ့ မိဘတွေပါ အဆင်မပြေနိုင်ဘူးပေါ့။ အစိုးရ အနေနဲ့ ဒီစနစ်ကို ပြန်ပြီး ဖြေလျော့ပေးစေချင်ပါတယ်” ဟု အခြားဒေသခံတစ်ဦးကလည်း ဆက်လက် ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့နယ်အတွင်း မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စုံမစနစ် စတင်သတ်မှတ်သည့် အချိန်မှစ၍ ယနေ့အထိ သတ်မှတ်စည်းကမ်း မလိုက်နာမှုဖြင့် ဖမ်းဆီးထားသည့် အမှုပေါင်း ၂၇၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း အမှတ် (၁၈) ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲမှူးရုံး၊ ရှမ်းတောင် ထံက သိရသည်။

.

No comments:

Post a Comment

Pages