ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆီဆိုင်မြို့ရှိ ပြည်သူများကို ဆန်၊ ဆီ၊ ဆားနှင့် ပဲများ ထောက်ပံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 4, 2026

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆီဆိုင်မြို့ရှိ ပြည်သူများကို ဆန်၊ ဆီ၊ ဆားနှင့် ပဲများ ထောက်ပံ

.

၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ဒေသခံပြည်သူများအား ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ မေလ ၄ ရက်၊ နံနက်ပိုင်းတွင် ဆန်၊ ဆီ၊ ဆားနှင့် ပဲများကို ထောက်ပံ့ကူညီ လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ထောက်ပံ့ရာတွင် WFP က ဆီဆိုင်မြို့ရှိ ပြည်သူများအတွက် တစ်ဦးလျှင် နှစ်လစာအတွက် ဆန် ၁၃ ပြည်၊ ၄ ဘူး၊ ဆီ ၂ လီတာခန့်၊ ဆား ၂၀ ကျပ်သားခန့်နှင့် ပဲ ၂ ပြည်တို့ကို ထောက်ပံ့ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

.

ဆီဆိုင်မြို့ပေါ်တွင် ရပ်ကွက် ၆ ခုရှိသည့်အနက် WFP က ယနေ့ မေလ ၄ ရက်တွင် မင်္ဂလာရပ်ကွက်နှင့် အောင်သပြေရပ်ကွက်ရှိ ပြည်သူများအား ဖြန့်ဝေလှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရပ်ကွက်များကိုလည်း နောက်ရက်များတွင် ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

.

ရိက္ခာများ ဖြန့်ဝေပေးရာတွင် စစ်အတွင်း မီးဘေးသင့်ခဲ့ရသည့် ပြည်သူများကို ဦးစားပေး ဖြန့်ဝေပေးခြင်းဖြစ်ပြီး အသက် ၅ နှစ်အောက်ကလေးရှိ အိမ်ထောင်စုများနှင့် သက်ကြီးရွယ်အိုရှိ အိမ်ထောင်စုများ၊ ဆင်းရဲနွမ်းပါး အိမ်ထောင်စုများကိုလည်း ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

.

“ကျွန်မတို့က မိသားစု ၆ ယောက် ရှိပါတဘ်။ စစ်ရှောင်နေရတော့ ကလေးနှစ်ယောက်ရဲ့ အမည်စာရင်းကို အိမ်ထောင်စုဇယားမှာ မထည့်ရသေးဘူး။ အဲဒါကြောင့် အခု ၄ ယောက်စာပဲ ရပါတယ်” ဟု နေအိမ် မီးလောင် ဆုံးရှုံးခဲ့ရသည့် မင်္ဂလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

.

WFP မှ ရိကွာများဖြန့်ဝေရာတွင် တစ်ရပ်ကွက်လျှင် လူဦးရေ ၂၀၀ ဝန်းကျင်ခန့်သာ ရရှိကြောင်းသိရသည်။

.

ဆီဆိုင်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တိုက်ပွဲများဖြစ်ပွားပြီး နေအိမ်မီးလောင်ဆုံးရှုံး မှုများ ရှိခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages