ထိုင်း-မြန်မာ ပူးပေါင်း၍ တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ် တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲရေး သင်တန်း ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 7, 2026

ထိုင်း-မြန်မာ ပူးပေါင်း၍ တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ် တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲရေး သင်တန်း ဖွင့်လှစ်

.

၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေလ ၇ ရက်၊ နံနက်ပိုင်းက ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ် တပ်ဆင်ခြင်း နှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

.



.

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး စိုင်းဝမ်းလှိုင်းတစ်မ် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် နှစ်စဉ်ပွင့်လင်း ခြောက်သွေ့ကာလများအတွင်း တောမီးလောင်ကျွမ်းမှု Fire Hotspot ဖြစ်ပေါ်မှု အကြိမ်ရေများ မြင့်မားပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ဖြစ်ပေါ်ဖြစ်ပေါ်လေ့ကာ ပတ်ဝန်းကျင်၊ လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာထိ ခိုက်မှုများ ဖြစ်ပေါ်စေသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ တစ်ခုဖြစ်သည့်အတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ကာကွယ် လျှော့ချရေးလုပ်ငန်းများကို မြန်မာ-ထိုင်း နှစ်နိုင်ငံ စဉ်ဆက်မပြတ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

.

ထို့နောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဌာန၊ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ချွမ်ဖော့နရက်ကေ့ က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနှင့် စပ်လျဉ်းသည့် ဆက်စပ်ပစ္စည်းများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ သင်တန်းကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် မေလ ၇ ရက်မှ ၈ ရက်အထိ ၂ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ ၁၄ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

.

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဌာနမှ တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ်တပ်ခြင်း နှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းများကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ တွင် ၂၀၂၄ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ လည်းကောင်း၊ ကျိုင်းတုံမြို့တွင် ၂၀၂၅ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် လည်းကောင်း၊ နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိလည်းကောင်း ကျင်းပပြုလုပ်ပေးခဲ့ပြီး ယခု တောင်ကြီးမြို့တွင် စတုတ္ထအကြိမ်မြောက်အဖြစ် လာရောက်တပ်ဆင် သင်တန်းပို့ချခြင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

.

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး လုပ်ငန်း များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု တားဆီး ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီကို ၂၀၂၄ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် အဖွဲ့ဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages