တာချီလိတ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၀၀၀ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 7, 2026

တာချီလိတ်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၀၀၀ ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မေလ ၅ ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေလ ၅ ရက်နေ့၊  နေ့လယ် ၂ နာရီခန့်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေနမ့်မလင်း ကျေးရွာအနီး တာချီလိတ်-မိုင်းဆတ် သွားကားလမ်းရှိ ပုန်းထွန်ကားဂိတ်အနီးတွင် ကျာဒေ့ ဆိုသူအား စစ်ဆေးရှာဖွေရာ ၎င်းလက်ထဲတွင် ကိုင်ဆောင်ထားသည့် အိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀၀ ပြား၊ အလေးချိန် ၁၆၀ ဂရမ်ခန့်၊ ဒေသတန်ဖိုးမှာ ကျပ် ၁၂ သိန်းကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဆက်လက်ပြီး စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် အဆိုပါ စိတ်ကြွဆေးပြား ၂၀၀၀ ကို အားလီ ဆိုသူထံမှ ထိုင်းဘတ်ငွေ ၆၀၀၀ ဖြင့် အကြွေးဝယ်ယူခဲ့ပြီး ထိုင်းဘတ်ငွေ ၈၀၀၀ ဖြင့် ပြန်လည်ရောင်းချရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ကျားဒေ့နှင့် ရောင်းချပေးသူ အားလီ (ဖမ်းမမိသေး) တို့ ၂ ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages