.
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တွင်
မေလ ၆ ရက်က အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရုတ်နိုင်ငံသား
၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းခြင်းနှင့်
ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် မေလ ၆ ရက်၊ ညနေပိုင်းက မိုင်းပန်မြို့၏
အရှေ့မြောက်ဘက် မီတာ ၁၃၇၀၀ ခန့်အကွာ၌ တရားမဝင် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူ
တရုတ် နိုင်ငံသား အမျိုးသား ၂ ဦး အား ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် မိုင်းပန်မြို့၏
မြောက်ဘက် မီတာ ၁၂၃၀၀ ခန့်အကွာတွင် တရားမဝင် အွန်လိုင်း လောင်းကစားမှု ကျူးလွန်သူ
တရုတ်နိုင်ငံသား ၁ ဦး အား ထပ်မံဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင် ပြည်ပ နိုင်ငံသားများအား
လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ
အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
.

No comments:
Post a Comment