၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအတန်းများ၏ Grade-11 အထိ စာမေးပွဲ အောင်စာရင်းများကို လာမည့် မေလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ ၁ ရက်တွင် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
.
အခြေခံပညာအဆင့် Grade-11 အထိ စာမေးပွဲများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၌ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းတို့မှ Grade-5 စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၅၃၄၄၀ နှင့် Grade-9 စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၆၀၈ ဦး ရှိခဲ့ကြောင်း သိရသည်။
.
တက္ကသိုလ်ဝင်စာမေးပွဲဖြစ်သော အခြေခံပညာအဆင့် Grade-12 စာမေးပွဲများ၏ အောင်စာရင်း ထုတ်ပြန်မည့် ရက်ကိုမူ မသိရှိရသေးချေ။

No comments:
Post a Comment