ပစ်ခတ်မှုတွေ ပြန်လည်စတင်နေပြီ ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားရဲ့ နောက်ဆုံးရ သတင်းများ စုစည်းမှု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, May 5, 2026

ပစ်ခတ်မှုတွေ ပြန်လည်စတင်နေပြီ ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားရဲ့ နောက်ဆုံးရ သတင်းများ စုစည်းမှု

 


အမေရိကန်နဲ့ အီရန်တို့ အကြားက အပစ်အခတ်ရပ်စဲမှု အဆုံးသတ်သွားခဲ့ပြီး ဟော်မုဇ် ရေလက်ကြားမှာလည်း ပစ်ခတ်မှုတွေ ပြန်လည်စတင်နေပါပြီ။ အမေရိကန်ရဲ့ စစ်သင်္ဘော တစ်စင်းကို အီရန်တို့က ဒုံးကျည် ၂ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန်မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ အမေရိကန်က်ကတော့ ဘယ်သင်္ဘောမှ ထိခိုက်မှု မရှိတဲ့အကြောင်း တုန့်ပြန်ထားပါတယ်။

.

ပင်လယ်ကွေ့နိုင်ငံတွေ အပေါ် အီရန်ရဲ့တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာခဲ့ပြီး ယူအေအီးက်ကို ဒုံးကျည် ၄ လုံးနဲ့ ပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။ ပထမ ၂ လုံးကို ယူအေအီးက်က ဖျက်ဒုံးနဲ့ ကာကွယ်နိုင်ခဲ့ပြီး တတိယတစ်လုံးက ပင်လယ်ထဲ ကျသွားခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံး တစ်လုံးကတော့ ယူအေအီး ရေနံစက်မှုဇုန်ကို ထိမှန်သွားခဲ့ပြီး မီးလောင်မှု ဖြစ်ပွားနေပါပြီ။

.

ဟော်မုဇ်ရေလက်ကြားမှာ တောင်ကိုရီးယား သင်္ဘောတစ်စီး ပစ်ခတ်ခံရတယ်လို့ ကိုရီးယားဖက်က အတည်ပြုလိုက်ပါတယ်။ သင်္ဘောပေါ်မှာ အင်ဂျင်ခန်း မီးလောင်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကိုတော့ မသိကြသေးပါဘူး။ သင်္ဘောပေါ်မှာ ကိုရီးယားသင်္ဘောသား ၆ ဦးနဲ့ နိုင်ငံခြားသား ၁၈ ဦး ပါရှိပါတယ်။

.

ကာတာနိုင်ငံရဲ့ ဆီတင်သင်္ဘောတစ်စီးကို အီရန်ဖက်က ပစ်ခတ်လိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ကာတာအစိုးရက အသိပေးလိုက်ပါတယ်။ ကာတာအနေနဲ့ ဒီ ရေလက်ကြားကို နိုင်ငံရေးအရ အသုံးချနေမှုအပေါ် ကန့်ကွက်ကြောင်းနဲ့ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ တောင်းဆိုကြောင်း သတိပေးထားပါတယ်။

.

အမေရိကန်ရဲ့စီးပွားရေးဝန်ကြီး ဘတ်ဆန့် က တရုတ်နိုင်ငံအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်ကို တွန်းအားပေးသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အီရန်ရဲ့ စွမ်းအင်တင်ပို့မှု ၉၀ ရာခိုင်နှုန်းကို တရုတ်က ဝယ်ယူနေတဲ့အတွက် အဲဒီအားသာချက်ကို အသုံးချပြီး ရေလက်ကြား ပြန်ဖွင့်ပေးဖို့ ဖိအားပေး တောင်းဆိုသင့်တယ်လို့ ဘတ်ဆန့်က တိုက်တွန်းထားပါတယ်။

.

Source - CNA

No comments:

Post a Comment

Pages