တောင်ကိုရီးယားနိုင်ငံရဲ့
အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစုတစ်စု ဖြစ်တဲ့ Samsung ဟာ နိုင်ငံကို ပေးချေရမယ့်
အမွေဆက်ခံခွန် ဒေါ်လာ ၈ ဘီလီယံကျော် (ဝမ် ၁၂ ထရီလီယံ) ကို အောင်မြင်စွာ
ပေးချေပြီးစီးသွားပြီ ဖြစ်ပါတယ်။
.
အမွေတွေ
အများကြီး ရခဲ့ပေမယ့်လည်း အဲဒီ အမွေတွေအတွက် ပေးချေရမယ့်အခွန်တွေက
ဆမ်ဆောင်းမိသားစုကို ဖိအား ဖြစ်စေခဲ့တာပါ။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှာ
ကွယ်လွန်သွားခဲ့တဲ့ ဥက္ကဌ လီကွန်ဟီး
ချန်ထားခဲ့တဲ့ အမွေတွေက ဝမ် ၂၆ ထရီလီယံလောက် ရှိပြီး ရှယ်ယာတွေ၊ အိမ်ယာတွေ၊
အနုပညာလက်ရာတွေ ပါဝင်ပါတယ်။
.
ကိုရီးယားနိုင်ငံရဲ့
အမွေဆက်ခံခွန်က တစ်ကမ္ဘာလုံးမှာ အမြင့်ဆုံးဖြစ်ပြီး ကိုယ်က တစ်သိန်းလောက် အမွေ ရရင်
အစိုးရကို ၄၀၀၀၀ ကျော်လောက် ခွဲပေးရတဲ့ အနေအထားပါ။ ဆမ်ဆောင်းလို အရမ်း ချမ်းသာပါတယ်ဆိုတဲ့
မိသားစုကြီးတောင် ဒီအခွန်တွေကို ၅ နှစ်ကြာ အရစ်ကျ ပေးဆောင်ခဲ့ရပြီး ဒီနှစ်မှာမှ
အပြီးသတ် ပေးချေနိုင်ခဲ့တာ ဖြစ်ပါတယ်။
.
ဆမ်ဆောင်းရဲ့
လက်ရှိဥက္ကဌ လီဂျေယောင်းနဲ့ သူ့ရဲ့မိခင် ဟွန်ရာဟီ၊ ညီမတွေဖြစ်ကြတဲ့ လီဘိုဂျင်း၊
လီဆိုးဟွန် တို့ဟာ ဒီအခွန်တွေကို ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အကြိမ်ကြိမ် ပေးသွင်းခဲ့ကြရတာပါ။
ဒီပမာဏက ၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီးယား တစ်နိုင်ငံလုံးကနေ ရတဲ့ အမွေဆက်ခံခွန်
ပမာဏထက်တောင် ပို များနေခဲ့ပါသေးတယ်။
.
လက်ရှိမှာ
လျှပ်စစ်ပစ္စည်း၊ အကြီးစားစက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ
လုပ်ကိုင်နေတဲ့ ဆမ်ဆောင်းအနေနဲ့ ပေးစရာရှိတဲ့ အမွေခွန်တွေကို
အကျေချေနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း မိသားစုဝင် တစ်ဦးက အတည်ပြုပေးသွားခဲ့ပါတယ်။
.
ဆမ်ဆောင်းမိသားစုအတွက်တော့
အမွေခွန်တွေကို အကျေပေးချေနိုင်ခြင်းက အားသာချက်တစ်ရပ် ဖြစ်လာခဲ့ပြီး Samsung လုပ်ငန်းစုကို
ဆက်လက်ထိန်းချုပ်ဖို့ အင်အားရှိကြောင်း ပြသနိုင်ခဲ့တာပါ။
.
လီကွန်ဟီးရဲ့
အမွေအစိတ်အပိုင်းဖြစ်တဲ့ ပီကာဆိုနဲ့ ဒါလီ တို့ရဲ့ တန်ဖိုးကြီး ပန်းချီကားတွေကိုလည်း
ကိုရီးယား အမျိုးသားပြတိုက်နဲ့ ယဉ်ကျေးမှု အဖွဲ့အစည်းတွေဆီကို ဆမ်ဆောင်းမိသားစုက
လှူဒါန်းခဲ့ပါသေးတယ်။
.
ဘလွန်းဘာ့ရဲ့
ဖော်ပြမှုအရတော့ ဆမ်ဆောင်းမိသားစုရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုးက ဒေါ်လာ ၄၅
ဘီလီယံကျော် ရှိနေပြီး မိသားစု ကြွယ်ဝမှုက ပြီးခဲ့တဲ့ တစ်နှစ်အတွင်း နှစ်ဆကျော်
တိုးမြင့်လာခဲ့တာပါ။
.
Source –
BBC
.
#KBZTai
#Shan #News

No comments:
Post a Comment