.
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်ဒေသထွက် လေးတန်းပြောင်းဖူး များ စတင်ခူးဆွတ်နေပြီဖြစ်ကြောင်း သိရသည်။
.
.လေးတန်းပြောင်းဖူးများကို ဟိုပုံးဒေသတွင် နှစ်စဉ်
ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး ယခု မေလတွင် စတင်ရောင်းချရခြင်းဖြစ်ကာ ဒိုင်များမှ
အပြတ်ဝယ်ယူသည့်အတွက် ရက်ပိုင်းအတွင်း အကုန် ရောင်းချရ လေ့ရှိကြောင်း သိရသည်။
.
အဆိုပါ လေးတန်းပြောင်းဖူးများကို ဟိုပုံးမြို့နယ်နှင့်
ကလောမြို့နယ်၊ ဟဲဟိုးဒေသတွင် အများဆုံး စိုက်ပျိုး ကြပြီး အခြားဒေသများတွင်လည်း စိုက်ပျိုးမှု
အနည်းငယ်ရှိကြောင်း သိရသည်။
.
“အမြတ် နည်းနည်းပဲကျန်တယ်။ လုပ်အားခနဲ့
ရေလောင်းတဲ့ ဓာတ်ဆီဖိုးနဲ့တွက်မယ်ဆို ကိုက်တောင် မကိုက်ဘူး။ ခြံရှိလို့သာစိုက်ရတာပါ”
ဟု လေးတန်းပြောင်းဖူးစိုက် တောင်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းတောင်ဒေသထွက် လေးတန်းပြောင်းဖူးများသည် အရသာကောင်းမွန်ပြီး
အရည်အသွေး ပြည့်မီ သောကြောင့် ဒေသတွင်းဈေးကွက်သာမက ပြည်တွင်းဈေးကွက်တွင်ပါ ရောင်းအားကောင်းပြီး
နာမည်ကောင်း ရနေကြောင်း သိရသည်။
.

No comments:
Post a Comment