.
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်
.
နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို
ယနေ့ မေလ ၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့အထွက် ၂ မိုင်ရှိ ခရိုင်မီးသတ်စခန်းတွင်
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
ဦးစိုင်းထိန်စိုးက အမှာစကား ပြောကြားပြီး ရဲကျော်သူတံဆိပ်၊ လူမှုထူးချွန်တံဆိပ်နှင့်
သင်တန်းထူးချွန်ဆုရသူများ၊ စခန်းသာယာလှပရေးဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့်
မီးငြှိမ်းသတ်ရေးစွမ်းရည်များကို သရုပ်ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း ကိရိယာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
.
.jpg)
No comments:
Post a Comment