.
၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်
.
Miss Grand Myanmar ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံပြိုင်ပွဲတွင်
မယ်သီလရှင်ပုံစံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်အား ပြိုင်ပွဲမှ
ထုတ်ပယ်လိုက်ကြောင်း အဆိုပါအဖွဲ့က ယနေ့ မေလ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.ယမန်နေ့ မေလ ၄ ရက်က ကျင်းပခဲ့သည့် အမျိုးသားဝတ်စုံပြိုင်ပွဲအတွက်
ကြိုတင်ပြင်ဆင်မှုများကို မေလ ၃ ရက်တွင် တစ်ကြိမ်၊ မေလ ၄ ရက်၊ ညနေပိုင်းတွင် တစ်ကြိမ်
စုစုပေါင်း ၂ ကြိမ် အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ရာ တွင် ထိုသို့ တင်ဆင်မှု မပါဝင်ခဲ့ဘဲ
ပြိုင်ပွဲတွင် တာချီလိတ်အလှမယ်က သီလရှင်ဝတ်စုံဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း
Miss Grand Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ ဖြစ်စဉ်တွင် တာချီလီတ်အလှမယ်သည် မည်သည့် Supervisor
နှင့် Admin တာဝန်ရှိသူများကိုမှ ကြိုတင် အကြောင်းကြားမှု
မရှိဘဲ သီလရှင်ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းနှင့် မြန်မာပြည်၏ လူဦးရေ အများစု
ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာ ရောက်ခြင်းတို့ကြောင့် စာချုပ်ပါ စည်းကမ်းချက်
များအရ ပြိုင်ပွဲမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းအတွက် အနူးညွတ်တောင်းပန်ကြောင်းနှင့်
နောက်နောင် ထပ်မံမဖြစ်ပွားစေရေး အတွက် အာမခံကြောင်း Miss Grand Myanmar
Organization က ထုတ်ပြန်ထားသည်။
.
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများ၏ ဝေဖန်ပြစ်တင်မှုများ
မြင့်တက်နေလျက်ရှိပြီး ထိရောက်စွာ အရေးယူရန် ရေးသားသော မှတ်ချက်အများအပြားလည်း
ရှိနေသည်ကို တွေ့ရသည်။
.
Photo - Charm Media
.

No comments:
Post a Comment