အနှစ် ၂၀ စောင့်ရပြီးတဲ့နောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားနိုင်တော့မယ့် အာဆင်နယ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 6, 2026

အနှစ် ၂၀ စောင့်ရပြီးတဲ့နောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားနိုင်တော့မယ့် အာဆင်နယ်

 


မနေ့ညက ပွဲစဉ်မှာ အက်သလက်တီကို ကို ၁-၀ နဲ့ အနိုင် ရရှိပြီးတဲ့နောက် အာဆင်နယ်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ချီတက်သွားခဲ့ပါပြီ။

.

ပြီးခဲ့တဲ့နှစ်တုန်းက PSG ကို ဆီမီးဖိုင်နယ်မှာ ရှုံးခဲ့လို့ ဗိုလ်လုပွဲ ကစားခွင့်နဲ့ ဝေးခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီနှစ် ဆီမီးဖိုင်နယ်မှာတော့ အက်သလက်တီကို အသင်းကို နှစ်ကျော့ပေါင်း ရလာဒ် ၂-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ခဲ့တာပါ။

.

ပထမအကျော့ အက်သလက်တီကို အိမ်ကွင်းမှာ ၁-၁ သရေ ကျခဲ့တာမို့ အိမ်ကွင်းပွဲမှာ အာဆင်နယ်တို့ အမှား မရှိအောင် ကစားခဲ့ကြပြီး အသင်းခေါင်းဆောင် ဆာကာ ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ နိုင်ခဲ့တာပါ။

.

ပွဲချိန် ၄၄ မိနစ်မှာ ရသွားတဲ့ အဲဒီဂိုးက ထရော့ဆတ်ရဲ့ ကန်ချက်ကို အက်သလက် ဂိုးသမား ပုတ်ထုတ်ရာက တစ်ဆင့် ဘောလုံး ပြန်ထွက်လာပြီး အဲဒီဘောလုံးကို ဆာကာ က ပိတ် သွင်းသွားခဲ့တာပါ။

.

အက်သလက်တီကို ဖက်ကလည်း ဂိုး ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပြီး သူတို့ရဲ့တို က်စစ်မှုး ဆီမြွန်နီ ကို ရိုက်စ်၊ ဂါဘရီယယ်တို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတာပါ။

.

နောက်ဆုံးမှာတော့ အာဆင်နယ်ကပဲ ပထမပိုင်းမှာ ရတဲ့ တစ်ဂိုးနဲ့ နိုင်သွားခဲ့ပြီး ဘူဒါပက်စ်မှာ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ရောက်ရှိသွားခဲ့ပါတယ်။

.

အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နောက်ဆုံး ရောက်ခဲ့ဖူးတာ ဖြစ်ပြီး ဘာစီလိုနာကို ရှုံးခဲ့လို့ ချန်ပီယံလိဂ်ဖလားကို လက်လွှတ်ခဲ့ရတာပါ။

.

ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်အသင်းက ဘိုင်ယန်နဲ့ PSG တစ်သင်းသင်းမို့ အာဆင်နယ်အတွက် လွယ်ကူပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာပါပဲ။

.

No comments:

Post a Comment

Pages