.
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်
.
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီ က ဒီနေ့
မနက်ပိုင်းမှာ တရုတ်ထိပ်ပိုင်းဆိုင်ရာတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့
ဘေဂျင်းကို ရောက်နေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဝမ်ယီ က
လက်ခံတွေ့ဆုံခဲ့တဲ့ အကြောင်း တရုတ်သတင်းစာတွေက ဖော်ပြနေကြပေမယ့် ဆွေးနွေးမှု
အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိကြပါဘူး။
.
.အီရန်အတွက်တော့ ဒီခရီးစဉ်ဟာ အမေရိကန်နဲ့
စစ်ပွဲစတင်ချိန်ကတည်းက တရုတ်နဲ့တွေ့တဲ့ ပထမဆုံး ခရီးစဉ်ပါ။
.
အမေရိကန်ဖက်ကတော့ ဒီခရီးစဉ်မှာ တရုတ်အနေနဲ့
ဟောမုရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်ကို ဖျောင်းဖျနိုင်လိမ့်မယ်လို့
မျှော်လင့်နေပါတယ်။
.
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟောမုရေလက်ကြားကနေ
သင်္ဘောတွေကို လမ်းညွှန်ကယ်ဆယ်ပေး နေမှုလုပ်ငန်းစဉ်တွေကို
ခေတ္တရပ်နားထားမှာဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။ အမေရိကန်အနေနဲ့ အီရန်နဲ့
စစ်ရေးအဆုံးသတ်မှုတွေ၊ သဘောတူညီချက်တွေဖက်ကို ပြန်လည်အာရုံစိုက်မှာဖြစ်တယ်လို့
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူတွေကလည်း ပြောထားပါတယ်။
.
အမေရိကန်နဲ့ အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးကာလ
တစ်လနီးပါး ရှိလာပေမယ့် အောင်မြင်စွာ ဆက်လက်ထိန်းထားနိုင်ဆဲပဲလို့
အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာတော့ အမေရိကန်
သင်္ဘောတွေကို အီရန်ဖက်က ပစ်ခတ်မှုတွေ ရှိနေဆဲပါ။
.
အမေရိကန်ရဲ့ အရေးပါတဲ့ မဟာမိတ်ဖြစ်တဲ့ ယူအေအီး
ကို အီရန်ဖက်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်မှု ရှိနေပေမယ့်လည်း အမေရိကန်ကတော့
အပစ်အခတ်ရပ်စဲရေးစာချုပ်ကြောင့် ဘာလှုပ်ရှားမှုမှ လုပ်မှာ မဟုတ်တဲ့အကြောင်း
ပြောထားပါတယ်။
.
အမေရိကန်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က
ဟောမုရေလက်ကြားမှာ သင်္ဘောတွေလုံခြုံစွာသွားလာနိုင်ဖို့ ရေလမ်းကြောင်းတစ်ခု
ဖွင့်ပေးခဲ့ပေမယ့် သင်္ဘော ၂ စီးသာ အဲဒီလမ်းကြောင်းကနေ ထွက်လာနိုင်ပါ သေးတယ်။
အဲဒီထွက်လာတဲ့ သင်္ဘောတွေကလည်း အမေရိကန်ကုန်တင်သင်္ဘောတွေပါ။
.
ဟောမုရေလက်ကြားထဲမှာ သင်္ဘောရာချီ
ပိတ်မိနေဆဲဖြစ်ပြီး အစားအစာပြတ်တောက်မှုနဲ့ အခြား အခြေအနေတွေကြောင့် သင်္ဘောသား ၁၀
ဦးလောက် သေဆုံးပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
.

No comments:
Post a Comment