ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးသေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 10, 2026

ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ရဲ ၃ ဦးသေဆုံး

 


ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း၊ အာဖဂန်နယ်စပ် အနီးမှာ ရှိတဲ့ ပက်ထွန်ခွာပြည်နယ် လုံခြုံရေးစခန်း တစ်ခုအနီးမှာ အသေခံ ဗုံးခွဲသမား တစ်ယောက်နဲ့ လက်နက်ကိုင်တွေက ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ယာဉ်တစ်စီးကို ဖောက်ခွဲခဲ့ကြပါတယ်။

.
ကားဗုံး ဖောက်ခွဲမှုက ပြင်းထန်လွန်းတာကြောင့် လုံခြုံရေးစခန်းပါ ပြိုကျသွားခဲ့ပြီး အဲဒီနောက် ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့တာပါ။

.
ပေါက်ကွဲမှုကြောင့် အနည်းဆုံး ရဲ ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
ရဲအရာရှိ ဇာဟစ်ခန်းက AP သတင်းဌာနကို ပြောကြားရာမှာတော့ ရဲဌာနအနီးမှာ ပေါက်ကွဲသံတွေ အများအပြား ကြားခဲ့ရပြီး ပေါက်ကွဲမှုရဲ့အရှိန်ကြောင့် လုံခြုံရေးစခန်း ပြိုကျသွားခဲ့ရတယ်လို့ ဆိုပါတယ်။

.
ပါကစ္စတန်သတင်းစာတွေရဲ့ ဖော်ပြမှုမှာတော့ အနီးအနားမှာ ရှိတဲ့ အရပ်သားနေရာတွေလည်း ပေါက်ကွဲမှု ဒဏ်ကို ခံခဲ့ရပြီး အရပ်သား ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

.
ဗုံးကွဲပြီးတဲ့နောက် စခန်းကို ကူညီဖို့သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခြုံခို တိုက်ခိုက်မှုတွေ ထပ်ပြီး လုပ်တာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ရဲဖက်က ဒဏ်ရာရသူတွေ ထပ်တိုးခဲ့ပါတယ်။

.
တိုက်ခိုက်သူတွေက ဒရုန်းတွေကိုပါ အသုံးပြုခဲ့တဲ့အကြောင်း ရဲဖက်က ကြေညာထားပြီး ဘန်နူမြို့မှာ ရှိတဲ့ အစိုးရဆေးရုံတွေမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ရပါတယ်။ လက်ရှိမှာတော့ ပါကစ္စတန်- အာဖဂန်နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီက စလို့ မဟာမိတ်ဘဝကနေ ရန်သူတွေအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်လာကြတာပါ။

.
ပါကစ္စတန်ဖက်က အာဖဂန်ထဲကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်စီးသွားခဲ့ပြီး တိုက်ပွဲတွေ စတင်ခဲ့တာပါ။ ပါကစ္စတန်အစိုးရကတော့ ဒီလေကြောင်း တိုက်ခိုက်မှုတွေဟာ လက်နက်ကိုင် အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

No comments:

Post a Comment

Pages