တောင်ကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 7, 2026

တောင်ကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော



ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့ ယနေ့ မေလ ၇ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက ရှမ်းပြည်နယ်အတွင်း ယာဉ်တိုက်မှု၊ သေဆုံးမှု လျော့ကျလာစေရေးအတွက် တာဝန်ရှိသည့် ဌာနများအနေဖြင့် ကျောင်းများ၊ တက္ကသိုလ်များ၊ အသင်းအဖွဲ့များ၊ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် အသိပညာပေး ဟောပြောပွဲများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

.

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသိပညာပေးဟောပြောဆွေးနွေးမည့် တာဝန်ရှိသူ ၂ ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ရှမ်းပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး မျိုးသန့်က ယာဉ်တိုက်မှုအန္တရာယ် စုပေါင်းကာကွယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်ကုန်းလမ်းပို့ဆောင်မှုဦးစီးဌာန၊ ယာဉ်မောင်း စစ်ဆေးရေးဌာနမှ စစ်ဆေးရေးမှူး-၂ စိုင်းကြည်တင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ် သင်တန်းသား/ သင်တန်းသူများ၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Pages