အာဆီယံ မိုးလေဝသ အထူးပြုဌာနက မဲခေါင်ဒေသခွဲ သတိပေးချက်ကို အဆင့်ပြန်လည်လျှော့ချ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 8, 2026

အာဆီယံ မိုးလေဝသ အထူးပြုဌာနက မဲခေါင်ဒေသခွဲ သတိပေးချက်ကို အဆင့်ပြန်လည်လျှော့ချ



အာဆီယံ မိုးလေဝသ အထူးပြုဌာန (ASEAN Specialised Meteorological Centre-ASMC) ၏ မေလ ၇ ရက်အတွက် မဲခေါင်ဒေသခွဲ မီးခိုးမြူနှင့် တောမီးအခြေအနေ စောင့်ကြည့်ထုတ်ပြန်ချက်အရ အဆင့် Alert Level-1 အဆင့်သို့ ပြန်လည်လျှော့ချ သတ်မှတ်ခဲ့သည်ဟု သိရသည်။

.

ယခင်က မဲခေါင်ဒေသခွဲအတွက် Alert Level-2 သတိပေးအဆင့် သက်ဝင်ကြောင်း ထုတ်ပြန်ခဲ့ရာမှ Level-1 အဆင့်သို့ ပြန်လည်လျှော့ချ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မဲခေါင်ဒေသခွဲအတွင်း မိုးရွာသွန်းမှုများ တိုးလာခြင်းကြောင့် Hotspot (တောမီးဖြစ်ပွားရာနေရာ) များနှင့် မီးခိုးမြူဖြစ်ပေါ်မှုများ လျော့နည်းလာပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူ (Transboundary Haze) ဖြစ်ပွား နိုင်ခြေ သိသာစွာကျဆင်းလာခြင်းကြောင့် ယင်းကဲ့သို့ လျှော့ချထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။

.

အာဆီယံ မိုးလေဝသ အထူးပြုဌာန (ASMC) သည် မီးခိုးမြူငွေ့စောင့်ကြည့်ခြင်း: အာဆီယံဒေသတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို စောင့်ကြည့်ပြီး သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ရာသီဥတု ခန့်မှန်းချက်များ ထုတ်ပြန်ပေးခြင်းတို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မိုးလေဝသဌာနများနှင့် ပူးပေါင်း၍ ဒေသတွင်း ရာသီဥတုဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် ဌာန အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

.

#KBZTai #Shan #Tachileik

.

No comments:

Post a Comment

Pages