တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် စိတ်ခွန်အားဖြည့် ‌ဟောပြောပွဲပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 8, 2026

တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် စိတ်ခွန်အားဖြည့် ‌ဟောပြောပွဲပြုလုပ်

.

၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်

.

ရှမ်းပြည်နယ်မြို့တော် ‌တောင်ကြီမြို့ရှိ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမတွင် ယနေ့ မေလ ၈ ရက်၊ နေ့လယ်ပိုင်းက ယနေ့ မြန်မာအမျိုးသမီးရေးရာနှင့် အနာဂတ်လူငယ် ပျိုးခင်းဖော်ဆောင်မှု အနုပညာ ခေါင်းစဉ်ဖြင့် စိတ်ခွန်အားဖြည့် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဟောပြောပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါက်တာဘုန်းမြင့် (Artist of Life/Life Coach & Motivational Speaker & Mentor) က “နိုင်ငံတော်အနာဂတ် ပဲ့ကိုင်ရှင်၊ လူငယ်ထုအတွက်၊ ရွှေရောင်ပျိုးခင်း အိပ်မက်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဟောပြောပွဲသို့ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသီရိဦးနှင့် နည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၅၂၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages