ဗြိတိန်မှာ ဒရုန်းနဲ့ ပထမဆုံး ပစ္စည်း ပို့နေပြီ ဖြစ်တဲ့ အမေဇုန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 8, 2026

ဗြိတိန်မှာ ဒရုန်းနဲ့ ပထမဆုံး ပစ္စည်း ပို့နေပြီ ဖြစ်တဲ့ အမေဇုန်

.

အွန်လိုင်းဈေးသည် ကုမ္ပဏီကြီး ဖြစ်တဲ့ အမေဇုန်ကတော့ ကုန်ပစ္စည်း ဝယ်ယူသူတွေကို ဒရုန်းနဲ့ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို ဗြိတိန်မြေမှာ စတင်လိုက်ပါပြီ။
.

.
အမေဇုန်ကနေ ပစ္စည်းမှာရင် အချိန်ကြာလို့ စိတ်ညစ်နေကြသူတွေအတွက် နာရီပိုင်းအတွင်း ရောက်နိုင်မယ့် နည်းလမ်းကို အမေဇုန်က စီစဉ်လိုက်တာပါ။
.
အင်္ဂလန်မြောက်ပိုင်း ဒါလင်တန့်မြို့မှာ ဒရုန်း ပို့ဆောင်ရေးစနစ်ကို စတင်လိုက်တာ ဖြစ်ပြီး အလေးချိန် ၅ ပေါင်အောက် ရှိတဲ့ အလှကုန်ပစ္စည်းတွေ၊ နေ့စဉ်သုံးပစ္စည်းတွေကို ပစ္စည်းသိုလှောင်ရုံကနေ ၇ ဒသမ ၅ မိုင် အကွာအဝေးအတွင်း ပို့ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။
.
မှာယူသူတွေဟာ သူတို့လိုချင်တဲ့ ပစ္စည်းကို ၂ နာရီအတွင်း လက်ခံ ရရှိနိုင်ကြပြီး ၁၂ ပေ အမြင့်ကနေ ဒရုန်းတွေက လွှတ်ချပေးသွားမှာပါ။ ကွဲတတ်တဲ့ ပစ္စည်းမျိုးဆိုရင်တော့ မှာယူလို့ မရသေးပါဘူး။
.
လယ်သမား တစ်ယောက်ဖြစ်တဲ့ ရော့ဘ်ရှီးလ် ကတော့ ဒရုန်းပို့ဆောင်မှုကို စမ်းသပ် ကြည့်ချင်တာကြောင့် ပစ္စည်းမျိုးစုံကို ခဏခဏ မှာနေတာပါ။
.
ဒါက အထူးအဆန်း ဖြစ်နေတော့ ပစ္စည်းမျိုးစုံကို လျှောက်မှာတာပေါ့ဗျာ၊ ဘောပင်တွေ၊ ချောကလက်တွေ၊ စက္ကူတွေ၊ ဒရုန်းကြီး မကြာခဏလာအောင်ဆိုပြီး ဘာပဲဖြစ်ဖြစ် မှာပစ်တာပဲ” လို့ ရော့ဘ်က ဆိုပါတယ်။
.
ရော့ဘ်ရဲ့အနီးအနားဝန်းကျင်က လူတွေကလည်း ဒီလိုပစ္စည်းပို့မှုကို အထူးအဆန်းဖြစ်နေပြီး တကူးတက တောင် လာကြည့်ကြသူတွေရှိပါတယ်။
.
အမေရိကန်မှာတော့ အမေဇုန်ရဲ့ ဒရုန်းနဲ့ပစ္စည်းပို့ချိန်ဟာ ၂ ဆလောက် ပိုမြန်ပြီး ၃၆ မိနစ်အတွင်း ရောက်ရှိတာ ဖြစ်ပါတယ်။ အမေဇုန်ဟာ သူတို့ရဲ့ဒရုန်းတွေကို တစ်စီးအတွက် တစ်နာရီအတွင်း အများဆုံး ၁၀ ကြိမ်အထိသာ အသုံးပြုမှာဖြစ်ပြီး တစ်နေ့ကို ပို့ဆောင်မှု အကြိမ် ၁၀၀ အထိသာ အသုံးပြုသွားမှာပါ။
.
ဒရုန်းတွေကို သွေးအိတ်၊ ဆေး စတဲ့ ကျန်းမာရေးပစ္စည်းတွေကို ပို့ဆောင်နိုင်ဖို့ ဗြိတိန်ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်နေသလို ဝေးလံတဲ့ ကျွန်းစုတွေဆီ ဒရုန်းနဲ့ ပစ္စည်းပို့ဖို့ စီစဉ်နေကြသူတွေလည်း ရှိပါတယ်။
.
အမေဇုန်က သူတို့ရဲ့ပစ္စည်းပို့ဆောင်ရေးအတွက် အဆင့်အမြင့်ဆုံးဖြစ်တဲ့ MK30 ဒရုန်းကို သုံးထားပြီး အဲဒီဒရုန်းမှာ သူ့ရဲ့လမ်းကြောင်းမှာရှိတဲ့ ဘာကိုမဆို ရှောင်ကွင်းနိုင်တဲ့ အာရုံခံ ကိရိယာတွေ ပါဝင်ပါတယ်။
.
ပစ္စည်း ချပေးတဲ့နေရာမှာလည်း GPS စနစ်ကို သုံးထားပြီး ဘယ်နေရာမှာ ချပေးရမလဲဆိုတာကို အတိအကျသိပါတယ်။
.
အမေဇုန်ဟာ အမေရိကန်နိုင်ငံအတွင်းမှာတော့ ဒရုန်းနဲ့ ပစ္စည်းပို့ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး အမေရိကန်ပြည်နယ် ၅ ခုမှာ ပို့ဆောင်မှုတွေ ပြုလုပ်နေပါပြီ။
.

No comments:

Post a Comment

Pages